Thursday, October 25, 2007

ဖြန့်ဝေခြင်း(၅၄)

စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခု (ထီမထိုးကြပါနဲ့)

"အောင်ပါလေ” ကို “ရှုံးပါလေ” လုပ်ကြပါစို့။
စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခုပါ။ အန္တရာယ်မများသလို၊ လူတိုင်းလည်း လိုက်ပါ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကလေးတခုဖြစ်ပါတယ်။

လွယ်လွယ်လေးပါ။ လူတွေက အစိုးရရောင်းတဲ့ “အောင်ပါလေထီ” တွေကို မ၀ယ်ကြဖို့ပါပဲ။

ဘာဖြစ်လို့ ထီမထိုးကြဖို့ လိုအပ်သလဲ။ ဘာဖြစ်လို့ အစိုးရထီ မ၀ယ်ရမှာလဲ။



၁။ ထီဆိုတာက လောင်းကစားတမျိုးပါ။ ထီဆိုတာမျိုးက ပေါက်ဖို့အခွင့်အလမ်း အလွန်နည်းပြီး၊ ဒိုင်ကိုင်တဲ့သူဖက်က အမြဲတစေ မြတ်ပါတယ်။ ရောင်းရငွေရဲ့ ရာခိုင်နှုန်းတချို့ကိုသာ ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲသည်ထဲက ၀င်ငွေ တွေက အစိုးရရဲ့ အိပ်ကပ်ထဲ၊ ဘဏ္ဍာငွေထဲကို ရောက်သွားလို့ပါပဲ။ စေတနာရှိလွန်းလို့ ဆုကြေးတွေ မြှင့်ပေးတယ် မထင်ပါနဲ့။

အနောက်နိုင်ငံတွေမှာ ထီထိုးမယ်ဆိုရင် "Responsibly Play" (ကစားပေမယ့် ကိုယ့်တာဝန်ကိုသိပါ) ဆိုတာမျိုး သတိပေး ထားတာ ရှိပါတယ်။ ထီထိုးဖို့ မိမိဘာသာ ထိန်းချုပ်လိုက်တာဟာ ကိုယ်ကျင့်တရားအရလည်း ကောင်းမွန်တဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။

၂။ ကျနော်တို့က နိုင်ငံခြားတိုင်းပြည်တွေမှာ စစ်အစိုးရအိပ်ကပ်ထဲ ငွေမ၀င်ရလေအောင် စီးပွားရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ဖို့ တောင်းဆိုနေတာ ရှိပါတယ်။ ဒီကိစ္စကတော့ အစိုးရထံ ငွေမ၀င်ရလေအောင် ကျနော်တို့ ဘာသာ ဆောင်ရွက်နိုင်တဲ့ ကိစ္စပါ။ နိုင်ငံခြားကိုလည်း အားမကိုးဘဲ ဆောင်ရွက်နိုင်ပါတယ်။

ကိုးကားလို့ရတဲ့ သတင်းတပုဒ်အရ ၂၀၀၅ ခုနှစ်၊ စတ်တင်ဘာလ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အစိုးရထီတစောင်ကို ကျပ် (၁၀၀) ပေးရပြီး၊ ဆုကြီးတွေက ကျပ်သန်း (၃၀) ကနေ သန်း (၅၀) အထိ ရနိုင်ပါတယ်။ မက်စရာပါပဲ။ လစဉ် ရောင်းရတဲ့ ထီက စောင်ရေ ၃၂-သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဆုကြေး ပိုပေးလာလို့ စစ်အစိုးရက ထီစောင်ရေ နောက်ထပ် ၂၁-သန်း ရိုက်နှိပ်ရောင်းချရမယ်လို့ တွက်ထားပါတယ်။ ဆိုပါစို့- ရောင်းရနိုင်တဲ့ ထီအစောင်ရေက ၅၃- သန်း ရှိလာနိုင်ပါတယ်။ တစောင်ကို ၁၀၀ ကျပ်နဲ့ မြှောက်လိုက်တဲ့အခါ အစိုးရအတွက် ကျပ်သန်း ၅၃၀ ရလာပါလိမ့်မယ်။

အဲဒီအထဲက စစ်အစိုးရက ၄၀% ကို အခွန်အနေနဲ့ ကောက်ယူလို့ရရှိပါတယ်။ အဲသည်တော့ လစဉ် အခွန်ငွေ ကျပ် ၂၁၂ သန်း၊ (နှစ်စဉ်တွက်ရင် ကျပ် ၂၅၄၄ သန်း) ၀င်ငွေ ရစေမယ့် ကိစ္စပါ။ ဒီငွေတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပမ်းနေတာ ဖြစ်ပါတယ်။
(အကိုးအကား။ AFP: Myanmar's lottery dreams twice as pricey: report , Thu 22 Sep 2005)


၃။ ဒီမိုကရေစီဆိုတာ ရွေးချယ်နိုင်တဲ့ အခြေအနေ များများ ရှိခြင်းပါပဲ။ တခုမကြိုက်ရင် တခုရွေးခွင့်ရှိနေပါတယ်။ ဒီထီကို ထိုးမှ မဟုတ်။ မနေနိုင်လွန်းရင်တောင် တရားမ၀င်ချဲထီ ထိုးနိုင်သလို၊ မြန်မာနိုင်ငံမှာ ဘောလုံးပွဲ လောင်းနေတာလည်း အများပါ။ အားပေးလိုခြင်း မဟုတ်ပေမယ့်၊ ထီမထိုးရ မနေနိုင်သူတွေအတွက် အခြားနေရာလေးတွေ ရှိကြောင်း လက်တို့ တာပါ။

ဘယ်လို ဆန့်ကျင်ကြမလဲ။
- တာဝန်သိသိဖြင့် ထီမထိုးပါနဲ့။
- မနေနိုင်ရင် အစိုးရဆီတိုက်ရိုက် မရောက်စေမယ့် ထီထိုးပါ။
- မိတ်ဆွေများကို အစိုးရထီ မထိုးရန် တိုက်တွန်းပါ။
- ထီရောင်းချနေသည့် ဆိုင်များကို တိုက်တွန်းပါ။
- ထီအရောင်းမြှင့်တင်ရေး လုပ်ပေးနေကြသည့် ရုပ်ရှင် မင်းသား၊ မင်းသမီး၊ ဖက်ရှယ်မယ်များကို တိုက်တွန်းပါ။

စစ်အစိုးရ ကျဆုံးရပါလိမ့်မည်။ အောင်ပါလေလည်း ရှုံးပါလေ ဖြစ်တော့မည်။

(ရွက်မွန် ကနေယူပါတယ်)


3 comments:

  1. Dear Sayama,

    I calculated wrongly as 530 m Kyats. It should be instead 5,300 m Kyats.

    Ywet Mon

    ReplyDelete
  2. Lawsuit against General Than Shwe, SPDC and all his government officials to an International Criminal Court for crimes committed during military regime

    http://www.petitiononline.com/53ar2007/petition.html


    US,UK&French Troops to save people in BURMA(MYANMAR)

    http://www.petitiononline.com/thanshwe/petition.html

    Urgent UN Troops to Burma(Myanmar)

    http://www.petitiononline.com/untroops/petition.html

    ReplyDelete