skip to main |
skip to sidebar
ဖြန့်ဝေခြင်း(၅၇)
ဒီတလော ဘာစာမှမရေးနိုင်။ ဘလော့တွေ လည်ဖတ်။ ဖတ်နေကျ ပြည်တွင်းက ဘလော့တွေဆီ လွမ်းဆွတ်။ ဒါနဲ့ပဲ ကျမမောင်လေး သစ်ကောင်းအိမ်က သူကဗျာရေးပြီးတိုင်း ပို့ပေးနေကျမှာ သူ့ကဗျာတွေပဲ ကြိုက်ကြိုက်ပြီး တင်ပေးချင်နေခဲ့ပါတယ်။ သူကတော့ ဒီတလောမှာ ကဗျာတွေအများကြီး ရေးချင်နေပြီ အမရေ..တဲ့။ ကျမလည်း စာတော့ ပြန်ရေးချင်လာနေပါပြီ။ ကျမတို့ ဘ၀တွေထဲ ဝေးဝေးနေရတဲ့ လွမ်းဆွတ်ရမှုတွေ အကြောင်း ပေါ့။
စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး
ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးစနတွေနဲ့
သမိုင်းပျို့တယ်
သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်
ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး
ရတာခဲထားကြတာလည်း
ရခဲခြင်းပါပဲ
နောက်ကျောက ဓားနဲ့
ကျောခိုင်းရပ်ခဲ့တယ်
အနီးကြီးနီးဖို့
အဝေးကြီး အဝေးကြီးဝေးခဲ့တယ် ။ ။
သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)
Lawsuit against General Than Shwe, SPDC and all his government officials to an International Criminal Court for crimes committed during military regime
ReplyDeletehttp://www.petitiononline.com/53ar2007/petition.html
US,UK&French Troops to save people in BURMA(MYANMAR)
http://www.petitiononline.com/thanshwe/petition.html
Urgent UN Troops to Burma(Myanmar)
http://www.petitiononline.com/untroops/petition.html