မပြီးဆုံးသေးသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ
အခုဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ပြည်တွင်းမှာ ငြိမ်သက်သွားတယ်လို့ ထင်ရပါတယ်။ စောင့်ကြည့်နေသူတွေ အနေနဲ့လည်း ဒါဟာပြီးဆုံးသွားပြီလားလို့ တွေးတောနေကြမလားပဲ။ စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းလိုက်လို့ ၁၉၈၈ ကလို ငြိမ်သွားကြတော့မှာလား။ ၁၉၈၈ မှာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်မှာ ရွေးကောက်ပွဲတွေလုပ်၊ အနိုင်ရပါတီကို ချက်ချင်း အာဏာလွှဲပေးတော့မယောင် စစ်တပ်က စစ်တန်းလျားကိုပဲ ပြန်သွားတော့မယောင် မျှော်လင့်ချက်အလွဲတွေ ပေးခဲ့တာဟာ စစ်အုပ်ချုပ်ရေး အဓွန့်ရှည်ဖို့ ဖြစ်ခဲ့ပါတယ်။ အခု ကာလမှာ ၁၉၈၈ လူထုအုံကြွမှု နဲ့ မတူတာကတော့ လူတွေဟာ စစ်အစိုးရ ရဲ့ အလိမ်အညာကို မခံကြတော့ပါဘူး။
ဒီနေရာမှာ အခုလို ဆန္ဒထုတ်ဖော်ပွဲတွေကို သံဃာတော်များက ဘာလို့ဦးဆောင်ရတာလဲ ဆိုတာကို ရှင်းပြချင် ပါသေးတယ်။ ၁၉၈၈ နဲ့ ၁၉၉၆ ကာလတွေအထိ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ တက္ကသိုလ် ကျောင်းသား တွေကပဲ ဦးဆောင်ခဲ့ပါတယ်။ အခုတော့ အဲဒီလို နိုင်ငံရေးတက်ကြွတဲ့ ကျောင်းသား မျိုးဆက်သစ် ပြိုကွဲခဲ့ရပါပြီ။ ဒါဟာ အရှင်ထွက်သွားလေသူ မြန်မာနိုင်ငံ ပညာရေးကော်မီတီ ဥက္ကဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့ စီမံကိန်းတွေ အောက်မှာ ကျောင်းသားထု တစ်ခုလုံးကို စနစ်တကျ နှိပ်ကွပ်ခဲ့တာကြောင့်ပါ။ နယ် အသီးသီးမှာ တက္ကသိုလ်ကောလိပ်တွေ မှိုလိုပေါက်အောင် ဖွင့်တယ်။ သွားလာရ ခက်ခဲဝေးလံတဲ့ မြို့ပြင်တွေမှာ ကျောင်းတွေကို ဆောက်တယ်။ တက္ကသိုလ် အဆောင်တွေ ပိတ်တယ်။ အခုနောက်ပိုင်း နှစ်ကာလတွေမှာတော့ တက္ကသိုလ်ကောလိပ်တွေမှာ အထက်တန်းကျောင်းသားတွေလို တူညီဝတ်စုံဝတ်ခိုင်းပြီး ထမင်းစားချိန် ကျောင်းတက်ချိန် အလွန်တင်းတင်းကျပ်ကျပ် ကန့်သတ်တဲ့အထိ ဖြစ်လာခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ ကျောင်းသားများဟာ အထူးသဖြင့်နယ်က ကျောင်းသားအများစုဟာ နိုင်ငံရေး နဲ့ ပို ပိုဝေးလာ၊ ပြင်ပ ဗဟုသုတလည်း အလုံအလောက်မရှာနိုင်၊ ပြည့်စုံမှုမရှိတဲ့ သင်ထောက်ကူ ပစ္စည်းကိရိယာနဲ့ ခေတ်မမီတော့တဲ့ သင်ရိုးညွှန်းတမ်းတွေအောက်မှာ ပြားပြားဝပ် နေရတဲ့အတွက် မြန်မာ့ပညာရေးအဆင့်အတန်းလည်း စုတ်ပြတ် သတ်အောင် နိမ့်ကျသွားခဲ့ပါပြီ။ ဒါဟာ အခုလူထုလှုပ်ရှားမှုမှာ မျိုးဆက်သစ် ကျောင်းသားတွေက ဘာကြောင့် အဓိက ဦးမဆောင်နိုင်ခဲ့သလဲ ဆိုတာကို ပြတာပါ။
သံဃာတော်များ ဦးဆောင်မှုနဲ့ ပတ်သက်လို့ပြောရရင် မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်မှာ သံဃာတော် များဟာ အမြဲတမ်း အရေးပါတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အင်အားကြီးမားတာ သားသုံးသား ရှိတယ်လို့ ဆိုကြတယ်။ ကျောင်းသား။ ဘုရားသား (သံဃာ)၊ နဲ့ စစ်သား တို့ဖြစ်တယ်။ စစ်သားတွေက စစ်အစိုးရ လက်ကိုင်တုတ်ဖြစ်ပြီး ကျောင်းသား အင်အားက ပြိုကွဲနေတဲ့ လက်ရှိအခြေအနေမှာ ပြည်သူတွေကို ကိုယ်စားပြုဖို့ သံဃာတွေ ဦးဆောင်လာရတာ မြန်မာလူမျိုးတစ်ယောက် အဖို့ကတော့ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ကိစ္စဖြစ်တယ်။ သံဃာတော်တွေဆိုတာ ဘာသာရေးကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာလူမျိုးတို့အတွက် အလွန် ရိုသေလေးစားရသူတွေ ဖြစ်တယ်။ ဒီလို သံဃာတော် တွေ ငြိမ်းချမ်းစွာ တောင်းဆိုလာတာကိုဖြင့် စစ်အစိုးက ရက်ရက်စက်စက် မလုပ်လောက်ပါဘူးလေလို့ ပြည်သူတွေက ရိုးရိုးပဲ မျှော်လင့်ခဲ့ကြတာပါ။
မျှော်လင့်ထားခဲ့သလိုမဟုတ်ဘဲ စစ်အစိုးရက သံဃာတုတွေလို့ မဟုတ်မမှန်စွပ်စွဲ ရက်ရက်စက်စက် အစွမ်းကုန် ရိုက်ပုတ် ပစ်ခတ် နှိမ်နင်းလိုက်တဲ့အခါ မြန်မာပြည်ရဲ့ အနာဂတ်ဟာ အလွန် ကြောက်မက်ဖွယ် ကောင်းသွားပါပြီ။ သယံဇာတတွေ တဖြည်းဖြည်း ပြုန်းတီး လူ့အရင်းအမြစ်တွေ ချွတ်ခြုံကျလာတဲ့ မြန်မာပြည် မှာ ဗုဒ္ဓဘာသာတရား အဆုံးအမရဲ့အောက်မှာပဲ ဖြစ်သမျှအကြောင်း ခါးစည်းခံ နေခဲ့ကြရတာပါ။ စေတီပုထိုး တွေနဲ့ သာသနာ့နိမိတ်တွေကပဲ ကမ္ဘာမှာ မြန်မာဟေ့လို့ ပြစရာရှိတော့တာပါ။ အတိတ်က သင်ခန်းစာအရ စစ်အစိုးရဟာ ဒီအတိုင်း မနေပါဘူးဆိုတာ ခန့်မှန်းလို့ ရပါတယ်။ သူတို့ အာဏာ တည်မြဲရေးအတွက် အနှောင့်အယှက် ဖြစ်နိုင်တာအားလုံးကို ကောင်းကောင်း စီမံကိန်းချ နှိပ်ကွပ်တော့မှာပါ။ အခုတစ်ခါ ကျရှုံး သွားခဲ့ရင် တစ်နိုင်ငံလုံး ဗုဒ္ဓသာသနာ ညိုးမှိန်လို့ စစ်တပ်ကို ကိုးကွယ် စစ်ကျွန်ဘ၀ ရောက်ကြရမယ့် အန္တရာယ်ဆိုးကို မြင်နေကြပါပြီ။ ဗုဒ္ဓဘာသာကိုတောင် ဒီလို ရဲရဲတင်းတင်း ဖိနှိပ်ရဲရင် တခြားလူနည်းစု ဘာသာတွေ အတွက်ကတော့ ဆိုဖွယ်ရာ မရှိပါ။ အပြောင်းအလဲဖြစ်ဖို့ နောက်ထပ် ၁၀ နှစ် အနှစ် ၂၀ စောင့်ရ မယ် ဆိုရင်တော့ အားလုံး လူညွှန့်တုံးကြဖို့သာရှိပါတယ်။ အချိန်တိုင်း နေ့ညတိုင်းဟာ အပြောင်းအလဲ အတွက် အရေးကြီးနေပါပြီ။
မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ။ အောင်မြင်တဲ့ခရီးလို့ မဆိုနိုင်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ ကုလသမဂ္ဂက ဘယ်လောက်အထိ ကူညီနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီမှုဟာလည်း စစ်အစိုးရကို လုံးဝ အပြီးတိုင် ဖယ်ရှားပေးနိုင်သည်အထိ အထောက်အကူ တိုက်ရိုက် ပြုချင်မှပြုမယ်။ ကုလသမဂ္ဂကိုယ်တိုင်တောင် မသေချာ မရေရာတဲ့ ကိစ္စဆိုတော့လည်း နိုင်ငံတကာ ဖိအားကို လုံးလုံး အားကိုးနေလို့ မရဘူးဆိုတာ သိသာပါတယ်။ တရုတ် ရုရှနဲ့ အမေရိကန် အင်္ဂလန် တို့ကလည်း အင်အားပြိုင်နေကြတုန်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်း ပြည်ပ လှုပ်ရှားမှု အားလုံး တညီတညွတ်တည်း ပေါင်းစပ်ကာမှ အောင်မြင်မှုကို ရယူနိုင်မှာပါ။ ပြည်တွင်းက တောင်းဆိုမှုတွေ မကျဆင်းသွားဖို့ လိုအပ်သလို စစ်အစိုးရ စေ့စပ်ညှိနှိုင်းလာဖို့ ရက်စက်တာတွေ ရပ်တန်းက အမြန်ဆုံးရပ်ဖို့အတွက် ပြည်ပက ဖိအားပေးမှုကလည်း မဖြစ်မနေ လိုအပ်ပါ တယ်။ ဒါဟာ မြန်မာ့အရေးတင် မကပါဘူး။ အာဏာရှင်အစိုးရအောက်မှာ ဒီမိုကရေစီကို တောင်းဆိုတဲ့ သာဓကတစ်ခု အောင်မြင်တော့မလားလို့ အားလုံးက မျက်စိဒေါက်ထောက် ကြည့်နေကြတာပါ။ မြန်မာ့သမိုင်း မှာသာမက ကမ္ဘာ့သမိုင်းမှာပါ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်တော့မယ့် အချိန်ပါ။
ဒါကြောင့် အားလုံးကို အခုလို ပန်ကြားချင်ပါတယ်။
ပြည်တွင်းနေ မြန်မာပြည်သူများ
အားတင်းထားကြပါ။ နိုင်ငံတကာက ပြည်သူများရဲ့ ကိုယ်ချင်းစာနာစွာ အားပေးမှုများကို ရရှိနေပါတယ်။ လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆက်လက် တိုက်ပွဲဝင်ကြပါ။
ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ၊တိုင်းရင်းသား အဖွဲ့အစည်းများ
အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နည်းဗျူဟာများချမှတ်ပြီး စစ်ကျွန်ဘ၀ အန္တရာယ်ဆိုးကြီးက လွတ်မြောက်အောင် စုပေါင်း စီမံခန့်ခွဲကြစေလိုပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်များ
ပြည်သူတို့ရဲ့ သဘောထားကို အမှန်တကယ် နားလည်ထင်ဟပ်သော သုံးသပ်မှုများ ဖြစ်စေလိုပါတယ်။ မိမိတို့ ရဲ့ တတ်ကျွမ်းတဲ့ ပညာများကို လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ရန် မြန်မာပြည်သူများ ဆောင်ရန် ရှောင်ရန် အပြုသဘော အကြံဥာဏ်ကောင်းများပေးတဲ့ နေရာမှာ အသုံးချနိုင်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ အစိုးရများ
မြန်မာစစ်အစိုးရရဲ့ မတရားဖိနှိပ်မှုများ အခုချက်ချင်း ရပ်တန့်အောင်နဲ့ အတိုက်အခံများနဲ့ စေ့စပ် ညှိနှိုင်းလာ အောင် ထိထိရောက်ရောက် ဖိအားပေးကြပါ။
ပြည်ပရောက် မြန်မာများ နဲ့ ကမ္ဘာ့လူထု
သတင်းများကို မပြတ်နားစွင့်ကြပါ။ မြန်မာ့အရေးအတွက် ရန်ပုံငွေများထည့်ဝင်ကြပါ။ မိမိတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ လှုပ်ရှားမှုများတွင် ပါဝင် အားပေးကြပါ။
မိမိတို့ရဲ့ လှုပ်ရှားမှုတစ်ခုတိုင်းဟာ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ အဖမ်းခံ အနှိပ်စက်ခံ အသတ်ဖြတ်ခံ နေရတဲ့ မြန်မာပြည်တွင်းမှ ရဟန်းရှင်လူများအတွက် သက်သာရာ သက်သာကြောင်း ဖြစ်ပါတယ်။
မြန်မာ့အရေးအတွက် တတပ်တအား ပါဝင်ဆင်နွှဲကြပါစို့။
နယ်ခြားမဲ့ မြန်မာဘလော့ဂါများ
Burmese Bloggers without Borders
http://bbwob.blogspot.com/
Thank you for helping. FREE Burma!!!
ReplyDeleteBush slammed the UN and the rulers of Myanmar in his UN speech last week. The only country that has any influence over Myanmar is China, and they can't and won't push too hard. There is too much Oil & Gas there that they need.
The UN must do something, but they never use military force to fight.
That is a huge problem.
Illegal drug and ruby fortunes are a BIG part of this too.
absurd thought -
God of the Universe wants
complete narco states
criminals in power
loving the corrupt drug war
absurd thought -
God of the Universe says
shoot peaceful protesters
calling for democracy
which you must never allow
absurd thought -
God of the Universe thinks
keep trying communism
you can never KILL too much
pursuing Utopia...
http://free-burma.org/
http://absurdthoughtsaboutgod.blogspot.com/
:)
.