Friday, May 18, 2007

ခေါ်သံ

ဟောဟိုးမှာ...
လင်းပွင့်လွင်ပြင်
ငြိမ်းချမ်းခြင်း ကောင်းကင်နဲ့
ကြာတွေပွင့်တဲ့ ကန်သာ
လိုက်ခဲ့ လာ...

ဒါပေမဲ့...
ခြေလေးစရာ
မိရိုးဖလာ ချပ်ဝတ်တန်ဆာတွေ ချွတ်ခဲ့
စိမ်းလက်တဲ့ မြက်ခင်းပြင်ထဲ
ရဲဝံ့စွာလျှောက်မယ်ဆို
ပေါ့ပါးဖို့ လိုတယ်လေ...

ပြီးရင်...
ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
သွားစို့။

(လွန်ခဲ့တဲ့ အနှစ် ၂၀က ရေးခဲ့တဲ့ ကဗျာကို နဲနဲပြုပြင်ထားတာပါ။)

10 comments:

  1. Test posting a comment:

    ဆရာမရေ… မှတ်ချက် စမ်းပြီး ရေးကြည့်ပါတယ်၊ Post a Comment တို့၊ Subscribe to: Post Comments (Atom) တို့၊ စတဲ့ လင့်ခ်တွေကတော့ ထိုင်းလို ဖြစ်နေတုန်းပဲနော်။ ကျွန်တော် အခု လင့်ခ်နေရာကို မှန်းနှိပ်ပြီး ရေးလိုက်ပါတယ်။

    "ပြီးရင်...
    ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
    သွားစို့။"

    ကျွန်တော်တို့ ဖတ်စရာ ကဗျာတွေ ဝေေ၀ဆာဆာနဲ့ မြန်မာဘလော့ဂ်ကောင်းတစ်ခု တိုးလာလို့ ၀မ်းသာ ဂုဏ်ယူကြောင်းပါ ဆရာမရေ…

    ReplyDelete
  2. ဆရာမ ကဗျာ အရမ်းကောင်းပါ၏။ အရမ်းဝမ်းသာပါတယ်။ ကိုပု ပြောသလိုပဲ မြန်မာဘလော့ဂ် ကောင်းတစ်ခု တိုးလာပြီမို့ ဂုဏ်ယူမိပါသည်။

    ReplyDelete
  3. ဆရာမရေ..
    ကျနော် လာလည်တုန်းက ဒီကဗျာ မတင်ရသေးဘူးလေ။ အခု အလုပ်ကပြန်လာတော့မှပဲ အေးအေးဆေးဆေးဖတ်ရတယ်။ လွန်ခဲ့တဲ့ နှစ်၂၀က ကဗျာက နုပျိုဆဲပါပဲ ဆရာမရေ။
    ကိုပုရေ..
    ကိုပုကို တကယ်ကျေးဇူးတင်တယ်။ ကျနော်က ဆရာမလည်း ဘလော့ဂ်ရေးပါလားလို့ နှုတ်ဖွာတဲ့ အဆင့်သာ ရှိပေမယ့် တကယ့်လက်တွေ့ကျကျ ပံ့ပိုးဖြစ်တာက ကိုပုဆိုတော့ ကျေးဇူးတင်ပါတယ်။ နောက်တခုက ဆရာမဘလော့ဂ်ကို လက်ရှိအချိန်မှာတော့ အခုလိုပဲ other/anonymous တွေကို ကွန်မန့်ရေးခွင့် မပြုသေးတာ ပိုကောင်းပါတယ်။ မသမာသူတွေ ရန်က တမျိုးကာကွယ်ရာ ရောက်တာပေါ့။
    ဆရာမ အခုလို ဘလော့ဂ် ရေးဖြစ်သွားတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော့်ဘလော့ဂ်မှာလည်း လင့်ခ် ချိတ်ဆက်လိုက်ပါပြီ။
    "ပြီးရင်...
    ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
    သွားစို့။"

    ReplyDelete
  4. ကိုစေးထူးရေ…
    ကျွန်တော်က ဘာမှကို လုပ်မပေးရသေးပါဗျာ။ ဆရာမက self-learner ပါ၊ အကုန် ကိုယ့်ဖာသာကိုယ် လုပ်တာပါ။
    ပထဇ

    ReplyDelete
  5. မိရိုးဖလာ ချပ်ဝတ်တန်ဆာတွေ ချွတ်ခဲ့
    ဆိုတာကို သိပ်ကြိုက်သွားတယ် ဆရာမရေ
    ဆရာမ ကျွန်မဘလော့ဂ်ကို လာလည်တုန်းက ဆရာမလို့ဝါရင့်တစ်ယောက်လာလည်မယ် မထင်လိုက်ဘူးဆရာမရယ်..

    ReplyDelete
  6. ဆရာမ ရေ …
    ဆရာမရဲ့ ခေါ်သံနောက်ကို …
    ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
    ကျမလည်း အပြေးလိုက်ခဲ့မယ်နော် …။

    မေဓာဝီ
    ၁၉၊ မေ၊ ၂၀၀၇
    ညနေ ၄ နာရီ ၂၅

    ReplyDelete
  7. ဒေါ်မေငြိမ်းရေ…
    လာလည်တဲ့သူတွေရော လင့်ခ် ချိတ်တဲ့သူတွေရော အချိန်တိုတွင်းမှာ အများကြီးတိုးပွားလာနိုင်တယ်ဆိုတာ သတိပေးရင်း ဘလော့ဂ်အသစ်ကို ကြိုဆိုတဲ့အကြောင်း ပြောလိုက်ပါရဲ့ …..

    ReplyDelete
  8. ဆရာမရေ ကျနော်လာလည်သွားပါတယ် နောက်ပြီးလင့်ခ်ပေးထားတယ်နော် c boxပျက်နေလို့ ဒီနေရာလေးမှာရေးလိုက်ပါတယ် ခင်ဗျာ
    http://abstractnight.blogspot.com/

    ReplyDelete
  9. ဆရာမ
    သားဆီကိုလာလည်ပါလို့ inviteလုပ်ပါတယ်
    http://downtamyan.blogspot.com ပါ။
    ကဗျာတွေကို ကူးခွင့်ပြုပါလို့လည်းတောင်းဆိုပါတယ်။

    ReplyDelete
  10. ဆရာမရေ....
    ကဗျာတွေကို ကူးယူခွင့်ပြုပါနော့်။
    ပြီးတော့လာလည်ပါလို့ invite လုပ်ပါတယ်။

    ReplyDelete