Saturday, February 7, 2009

မျှဝေခံစားခြင်း

သစ်ကောင်းအိမ်ရဲ့ ကဗျာလေးတပုဒ်တင်ပေးချင်လာလို့ပါ.. မြသီလာအမောတွေထဲ စိတ်ပြေလက်ပျောက်ပေါ့… နော်။


(ဒီက ပုံပါ)

နာဆစ်ဆပ်
(Narcissus)

မင်းအချစ်မှာတောမှီ
တရားထူးရှာတွေ့သူ ယောဂီလို
ငါ့မှာ လွတ်မြောက်ရ
ငါ့မှာ ငြိမ်းချမ်းရ

မင်းအချစ်မှာ ဖိုဝင်
ပြဒါးရှင်လုံးရသူ ၀ိဇ္ဖာဓိုရ်လို
မြေလျှိုးမိုးပျံ
ဈာန်သမာပတ်တွေ ငါရ

ငါ့တပ်တော်ဦးဆီ
မင်းအောင်လံပဲ တလူလူလွှင့်
မင်းပစ္စုပ္ပန်မှာပဲ
နိဗ္ဗာန်တံခါးကို ငါဖွင့်

လေရိုင်းထဲက
ငါ့ဆံရိုင်းတွေကို ချည်နှောင်ဖို့
ခေါင်းစီးကြိုးလေးဟာ
မင်းဖြစ်တယ်….

သစ်ကောင်းအိမ်

၅. ဖေဖော်ဝါရီ. ၂၀၀၉


6 comments:

  1. ကဗျာလေးက ချစ်စရာ

    ReplyDelete
  2. ကဗျာလေးကိုရေးတာ တစ်နှစ်ရှိပြီပေါ့နော်..
    အရမ်းလှတယ် စကားလုံးတွေက.. အန်တီပန်ပြောသွားသလိုပဲ ချစ်စရာပေါ့..း)
    "လေရိုင်းထဲက
    ငါ့ဆံရိုင်းတွေကို ချည်နှောင်ဖို့
    ခေါင်းစီးကြိုးလေးဟာ
    မင်းဖြစ်တယ်…." တဲ့။

    ReplyDelete
  3. စကားမစပ်.. ဘလော့ဂ်လေးကို အင်္ကျီလဲပေးထားတာ သိပ်လှတာပဲဗျာ.. ကံကော်.... တက္ကသိုလ်.. ဘွဲ့နှင်းသဘင်.. ဂျက်ဆင်.. အားလုံးကိုလွမ်းသွားတယ်...
    အပြာရောင်မို့လည်း ချစ်တယ်..း)

    ReplyDelete
  4. ဇော်ကြီးကဗျာလေးကပြောင်မြောက်လိုက်တာ

    ReplyDelete
  5. ဘလော့ ပိတ်သွားတယ် ဆိုလို့...
    ကဗျာလေးဝေမျှလို့ ကျေးဇူးပါ ဆရာမ

    ReplyDelete
  6. ကဗျာလေးဖတ်ပြီးကြည်နူးသွားပါတယ်

    ReplyDelete