Wednesday, September 3, 2008

ထက်ရာဇာ သတင်း ကိစ္စ

တကယ်တော့ ကျမက အဲလိုဖြေရှင်းရတာမျိုးကို မကြိုက်ပါ။
ဒါပေမဲ့ ထက်ရာဇာက သူ့စာထဲမှာ ကျမတို့ကို မေးကြည့်နိုင်တယ်လို့ ညွှန်းထားလေတော့... ကျမဆီ မေးခွန်းတွေ ရောက်လာပါတယ်။ ကျမက ခရီးမှာပဲ ရှိနေတုန်းမို့ရော... အန်တီစုအရေး စိတ်မအေးနေတာနဲ့ရော...
ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ရော စိတ်မအားတာမို့ post မရေးနိုင်.. Radio Free Asia အတွက် အပတ်စဉ် ပညာရေး အစီအစဉ်တောင်မှ မရေးနိုင်ဘဲ ရှိနေတာပါ။ ဒါကြောင့် ခုဖြစ်သွားတဲ့ ထက်ရာဇာရဲ့ သတင်းကိစ္စ ကိုလည်း မသိလိုက်ပါ။ ဒါပေမဲ့ အဲဒီသတင်းပါတဲ့နေ့ဖြစ်မယ်ထင်တယ်။ ထက်ရာဇာက ကျမကို ဖုန်းဆက်တယ်။ 'အမ..ပြည်တွင်းက ဘလော့ဂါတယောက်ယောက်ရဲ့ ဖုန်းနံပါတ်ရမလား...' တဲ့။ ကျမက ' အမမှာ မရှိဘူး။ အမက ပြည်တွင်းက ဘလော့ဂါတွေနဲ့ အဆက်အစပ်မရှိဘူး'လို့ ပြန်ဖြေလိုက်ပါတယ်။ ဒါပါပဲ..။ သူ မေးတာ ဒါ အကုန်ပဲ။ ခုထိ သူ့သတင်း မှန်သလား.. မှားသလား.. ကျမ မသိ။ အဲဒီကိစ္စလည်း မသိ။ သေချာတာကတော့ ဒီကိစ္စက ကျမကို အာရုံနောက်စေတယ်ဆိုတာပါပဲ။

3 comments:

  1. စိတ်ညစ်မနေပါနဲ့ အမရာ...။ ဒီလိုပဲပေါ့။ သိပ်ပြီးတော့ စိတ်ဆင်းရဲ မခံပါနဲ့။

    ReplyDelete
  2. သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်ကိုသာ လိုက်နာမယ်ဆို ရင် ဒီလိုဖြစ်မယ်မထင်ပါဘူး။ မိမိကိုးကားတဲ့ သတင်းအခြေ အမြစ်က တကယ်ပြောတဲ့အချက်ကိုပဲရေးရမယ်။ အလွဲ သုံးစားမလုပ်ရဘူးဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သတင်းသမားများက ပိုဂရုစိုက်သင့်တယ် ထင်ပါတယ်။ ဆင်ခြင်နိုင်ကြပါစေ။ အမမေငြိမ်းကို အရှုတ် ထဲဆွဲသွင်းခံရတဲ့အတွက်စိတ်မကောင်းပါဘူး။

    ReplyDelete
  3. လွတ်လပ်တယ်ဆိုတဲ့ ဒီမိုမီဒီယာတွေ အခုအကြောင်း ဘာကြောင့် ရေငုံနှုတ်ပိတ်နေလဲ သိချင်လိုက်တာ…

    ReplyDelete