ကိုယ့်ရဲ့နာမည် -အင်းး နာမည်ကတော့ ၂မျိုးရှိတာပေါ့...။ လူသိများတာကတော့ မေငြိမ်း..ပေါ့။
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ငယ်ငယ်က သူငယ်ချင်းတွေက 'ခက်ခက်' လို့ခေါ်တယ်။ ကြီးမှတွေ့တဲ့သူတွေက 'မေငြိမ်း'..တဲ့။ ပြီးတော့ 'ငြိမ်း' ..တဲ့။ ထူးခြားတာက နာမည်ပြောင် Nick name မရှိ။
ကိုယ်ဒီမှာနေတယ် - "ဘယ်သူမှလည်း အိမ်မရှိဘူး ခရီးသည်လောကသားမို့...."
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဖုန်းပြောရတာ စိတ်အညစ်ဆုံး။
အရောင်ဆိုရင် - အ၀တ်အထည်ဆိုရင် အနက်ရောင်ကြိုက်တယ်..ပြီးတော့ ပန်းရောင်။ ပစ္စည်းဆိုရင် အစိမ်းရောင်ကြိုက်တယ်။
အ၀တ်အစားဆိုရင် - ချည်သားကြိုက်တယ်။ ပြီးတော့ အပွင့်အခက် အဆင်တန်ဆာမပါတာ ကြိုက်တယ်။
အစားအစာဆိုရင် - ဗမာအစာတွေ တော်တော်များများ ကြိုက်တယ်။ အရမ်းကြီး ကြိုက်တာတခုကတော့ ၀က်သားတုတ်ထိုး။
ပစ္စည်းဆိုရင် - ကိုယ်နှစ်သက်တဲ့ လှလှလေးတွေဖြစ်ပြီး အသုံးတည့်တယ်ရင် ဘာမဆို ကြိုက်တာပဲ။
သီချင်းဆိုရင် - ကြိုက်တာ အများကြီးပဲ..။ ပြည်လှဖေ ကိုအံ့ကြီး မေရှင် မာမာအေး ချိုပြုံးကနေ.. မင်းမင်းလတ် သန်းနိုင် ကိုင်ဇာ ထူးအိမ်သင် ဇော်ဝင်းထွဋ် လေးဖြူ အငဲ နဲ့ ပုလဲ အယ်လ်ခွန်းရီ ကော်နီ ဟေမာနေ၀င်း အလယ်... ဒိုးလုံး ကျားပေါက် တင်ဇာမော် သျှီ အဆုံး ခေတ်ဟောင်း ခေတ်လယ် ခေတ်သစ် အတော်များများ ကြိုက်..။ ခင်တဲ့ အကြောင်းသိ လူငယ်လေးတွေက ပြောကြတယ်.. အန်တီက ရှေးမီနောက်မီတဲ့.... (ကုလားထိုင်ကြီးပေါ့ :) )
စာရေးဆရာ - ကြိုက်တဲ့ စာရေးဆရာတွေ အများကြီးပဲ။ ဒါပေမဲ့ တော်တော် စွဲလန်းတာက ကြည်အေး ...
စာအုပ် - စာအုပ်လည်း ကြိုက်တာတွေအများကြီးပဲ။
Life style – ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် ထင်တာပဲ။ ပြီးတော့ အပေါင်းအသင်း အင်မတန် မင်တယ်။
ကိုယ့်ရဲ့ဝါသနာ - မိသားစုနဲ့အတူတူ သေချာ စီစဉ်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ် ခရီးထွက်ရတာ။
အလိုချင်ဆုံးလက်ဆောင် - ပုဝါလှလှလေးတွေ... ပြီးတော့ ပုတီးဆန်းဆန်းတွေ...
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ်ချစ်တဲ့သူတွေ များတယ်။ အချစ်ဆုံးလို့ တွေးကြည့်တော့ ဒီနေ့ထိ တရက်ကလေးမှ သတိမရဘဲ မနေဖူးတဲ့ (ဆုံးသွားရှာပြီဖြစ်တဲ့) အဖေ့ကို သတိရတယ်။ ပြီးတော့ သားသမီးတွေအတွက် အင်မတန်ဒုက္ခခံတဲ့အမေ...။ နောက်တော့ ကိုယ်လုပ်ချင်သမျှ ပါရမီဖြည့်တဲ့.. ကိုယ့်ထက် စိတ်စေတနာကောင်းတဲ့ ခင်ပွန်းသည်ကိုသတိရတယ်။ နောက်တော့ ကိုယ်မွေးလို့ ဘ၀ဆိုတာကြီးထဲ ရောက်လာရတဲ့ လူကလေး သုံးယောက်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဂေါတမဗုဒ္ဓ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ခင်ပွန်း၊ ပြီးတော့ သားကြီး (ရန်လည်း ခဏခဏဖြစ်)
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - သူပဲပေါ့.. ခင်ပွန်းသည်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - လိမ်တတ်တဲ့သူ။ သူများဘ၀ကို ပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့သူတွေ .. သူတပါးမျက်ရည်ကျအောင် လုပ်တဲ့သူတွေဆို သိပ်မုန်းတယ်။ (ဒါကြောင့် ချိုသင်းပြောတဲ့ မိုက်ခဲတို့ အုပ်စုကို မုန်းတာ..။)
ရင်အခုန်ဆုံးအချိန် - ရင်ခုန်လွယ်တာလားတော့ မသိ။ ရင်ခုန်စရာဆို အမြဲတမ်း ဂိတ်ဆုံးခုန်တာပါပဲ။
အကြောက်ဆုံးအချိန် - ခုထိတော့ ဘာကိုကြောက်ရမှန်း မသိသေး။ မိသားစုနဲ့ ဝေးမှာ.. ခွဲနေရမှာတော့ နည်းနည်းကြောက်တယ်ထင်တယ်။
အမှတ်တရနေ့ - အမှတ်တရနေ့တွေလည်း.. များ။ ရင်ထဲ နာနာကျင်ကျင် အမှတ်တရကတော့ အဖေဆုံးတဲ့ နေ့။ ထူးထူးခြားခြား ရင်ခုန်အမှတ်တရက သားကြီးမွေးတဲ့နေ့။ ကြည်ကြည်နူးနူးအမှတ်တရက သမီးလေးမွေးတဲ့ နေ့။ ၀မ်းပမ်းတနည်း အမှတ်တရနေ့က အမေ့ကို ထားခဲ့ပြီး အဝေးကြီးကို ထွက်ခဲ့ရတဲ့ နေ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - လွတ်လပ်တဲ့ ဗမာပြည်မှာ အေးအေးချမ်းချမ်းဘ၀လေးနဲ့ နေခွင့်ရ ပါရစေ...
အချစ်ဆိုတာ - ခံစားလို့ကောင်းတဲ့ စိတ်ဝေဒနာ
အမုန်းဆိုတာ - ပူလောင် ခါးသီး
အလွမ်းဆိုတာ - ချစ်ခြင်းနဲ့ ပူးတွဲပါလာတဲ့ ခံစားမှု
သံယောဇဉ်ဆိုတာ - ရုန်းဖယ်ရခက်ပြီး စိတ်ပင်ပန်းစေတဲ့ တွယ်ငြိမှု
ဘ၀ဆိုတာ - ကိုယ်လုပ်ချင်ရာလေးတွေကို လုပ်ရင်း ရှင်သန်နေထိုင်ရမယ့် အရပ်
သူငယ်ချင်းဆိုတာ- ကိုယ့်ကို မကောင်းမကြံတတ်တဲ့သူ၊ ကိုယ့်အပေါ် အတတ်နိုင်ဆုံး ငဲ့ညှာနားလည်ပေးသူ
ချစ်သူဆိုတာ - နားလည်မှုကို အဓိကထားပြီး ကိုယ်ချင်းစာဖြည့်ဆည်းသူ
ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် - အများပြည်သူနဲ့ပတ်သက်ပြီး မဟုတ်မမှန်လုပ်တာတွေကို နည်းနည်းမှ သီးမခံနိုင်လို့ ရန်များတဲ့သူ။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - စိတ်ကောင်းထားရင်... စိတ်ထား ကောင်းတယ်.. အေးချမ်းတယ်။
အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်တိုင်မကြိုက်နိုင်တဲ့အပြုအမူကို သူများအပေါ်မလုပ်ဘူးဆိုတဲ့ စိတ်ကလေးလောက် လူတွေမှာရှိရင်ကို အေးချမ်းလှပြီ။
ထုံးစံအတိုင်း ဆက် Tag ရဦးမှာ...လူနိုင်တွေကလည်း သူများတွေ Tag လို့ ကုန်ပြီ။
တတ်နိုင်ဘူး သတိရသလောက် ဆက် Tag မယ်။
မတန်ခူး
တူးတူးသာ
ငစနေ
မေ(Emotional Corner)
အမြဲစိမ်း နိုင်းနိုင်း
စာတိုပေစ အောင်ဖြိုးလေး
ကဲ.. မအားလပ်ကြတဲ့ကြားကပဲTag ထားတာလေးတော့ ရေးကြပါဦးနော...
ိကောင်းဗျာ
ReplyDeleteinteresting post. but i learnt that most are quite different from my favs.
ReplyDeleteဘာများလဲလို့ဗျာ။ ကိုယ့်အသက်အရွယ်မှ ကိုယ်အားမနာ လူငယ်တွေ ရူးပေါပေါ လုပ်တိုင်းလိုက်လုပ်သတဲ့လားဗျာ ။ အံ့ပါရော။
ReplyDeleteမ ရေ… အမှတ်တရ tagပေးတာ ကျေးဇူးပါ… နဂိုကလဲ ရေးချင်ချင်ဆိုတော့ ခုရေးပြီးတင်လိုက်ပြီနော်…မ နဲ့ များဆုံဖြစ်ရင် ပုဝါလှလှလေး တထည် လက်ဆောင်ပေးချင်ပါရဲ့… ဘာကြောင့်လဲ ဆိုတော့ ကိုယ်ကိုယ်တိုင် မသုံးတတ်ပေမယ့် ပုဝါလှလှလေးတွေ တွေ့ ရင် သိပ်ဝယ်ချင်တာ… မေမေ့အတွက် ခဏခဏ ၀ယ်ဖြစ်တယ်…
ReplyDeleteလာလည်သွားပါတယ် ဆရာမရေ။ Tag ကလေးတွေ ရေးကြတာ ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။
ReplyDeleteချစ်သူဆိုတာ - နားလည်မှုကို အဓိကထားပြီး ကိုယ်ချင်းစာဖြည့်ဆည်းသူ
ReplyDeleteစမ်းသပ်ခံမြေ အမည်ခံ...။
ReplyDeleteလူဆိုတာ လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတာကို လူပီသတယ်လို့ခေါ်တယ်။ အခု မမေငြိမ်းရေးထားတာ သူ့အသက်အရွယ်ကို ထိပါးစေတဲ့ ပေါ့သွပ်မှု လုံးဝ မရှိဘူး။ သူ့ကို ခင်တဲ့ချစ်တဲ့လူက tag တယ်။ သူက ပြန်ရေးတယ်၊ တဆင့် ပြန် tag တယ်။ အဲဒါကို သိပ်ချစ်ဖို့ကောင်းတဲ့ လူပီသမှုလို့ခေါ်တယ်။ ခင်ဗျားသာ လူဖြစ်ပြီးတော့ လူမပီမသနဲ့ နာမည်မဖော်ရဲဘဲ အမျိုးသမီးတယောက်ကို လက်သီးပုန်းလာပြတာ မရှက်ဘူးလား။
အစ်မရေ တက်ဂ်ထားတာလေး ခုမှ ရေးပြီးတယ်။ အစ်မကော အလုပ်များနေလား။ အဆင်ပြေပါစေနော် :)
ReplyDeleteကိုယ်မကြိုက်တဲ့အမူအကျင့်ကို သူများအပေါ်မလုပ်ရဘူး ဆိုတာထောက်ခံ တယ်အမ ရေ..
ReplyDeleteစမ်းသပ်ခံမြေဆိုတဲ့သူကတော့ အဆင့်မရှိတဲ့သူတယောက်ပဲဖြစ်မှာပါ ယဉ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ ဒေသကလာတယ်ထင်ပါ့ဗျာ...
သူ့ ကွန်မန့်လေးကိုဖျက်မပစ်ပါနဲ့အမရာ.. သဘောထားသေးတယ်ထင်နေဦးမယ်
(ပုရစ်) http://irrawaddy.burmabloggers.net
ဆရာမရေ
ReplyDeleteဒီ ပို့ စ်နဲ့ တော့မဆိုင်ပေမယ့် ကွန်မန့် လေးတစ်ခုကြောင့် ကဗျာလေးရေးဖြစ်သွားပါကြောင်း။
"အစမ်းသပ်ခံမြေ"
လူဖြစ်ပေမယ့်
လူလိုသိဖို့ လွယ်မည်မထင်
လူလို မသိ ၊ ကျင့်ဝတ်မရှိ
နတ္ထိသူ့ မှာ
လူ့ ဘ၀ကို
အစမ်းသပ်ခံမြေ ဘ၀နှင့်
လူဖြစ်ရကျိုးရှုံး ရော့မည်။
မ ရေ… ဆီဗုံးထဲမှာ တက်ဂ်ထားကြောင်း သတင်းလေးပေးတာ မတွေ့ မှာစိုးလို့  ဒီမှာ ထပ်ရေးလိုက်တာပါ…မ ခရီးကပြန်လာလို့ နားနားနေနေရှိရင် ရေးပေးနော်… Have a nice trip…
ReplyDeletea san that khan myae = negative thinker
ReplyDeleteBe positive !!!