အဲဒီ ဇူလိုင် ၁၉မှာ မြန်မာနိုင်ငံရဲ့ သူရဲကောင်း ပုဂ္ဂိုလ်မွန်တွေ ကျဆုံးတယ်။
အဲဒါဟာ... လင်းပတော့မယ့် အနာဂတ်နိမိတ်မိုးသောက်ကြယ်ကြီး လွင့်ကြွေတာလည်းဖြစ်တယ်။
အဲဒါဟာ... ဗိုလ်ချုပ် ဦးဆောင်မယ့် ထိပ်တန်းနိုင်ငံတခု ပြိုလဲသွားတာ..။
အဲဒါဟာ... ဦးဘ၀င်း ဦးဆောင်မယ့် ယဉ်ကျေးလိမ်မာတဲ့ လူ့အဖွဲ့အစည်းတခု ယိုင်လဲတာ...။
အဲဒါဟာ... မန်းဘခိုင် ဦးဆောင်မယ့် ကရင်ဗမာသွေးစည်းရေးကို တွန်းလှဲလိုက်တာ..။
အဲဒါဟာ... မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဦးဆောင်မယ့် တိုးတက်ထွန်းကားမယ့် တောင်ပေါ်ဒေသကြီးကို အက်ကြောင်းထင်စေခဲ့တာ...။
အဲဒါဟာ... ဦးရာဇတ် ဦးဆောင်မယ့် နိုင်ငံတကာအဆင့်မီ တတ်သိလိမ်မာစေမယ့် ပညာရေးစနစ်တခုကို ရိုက်ချိုး ဖျက်ဆီးလိုက်တာ...။
အဲဒါဟာ... ဒီးဒုတ်ဦးဘချို ဦးဆောင်မယ့် စာပေ ဂီတအနုပညာကောင်းတွေနဲ့ ဖွဲ့စည်းတဲ့ ကမ္ဘာ့သမိုင်းဝင် နိုင်ငံတော်ကြီးရဲ့ အဆင့်အတန်းကို တိုးတိမ် မှိန်ဖျော့သွား စေခဲ့တာ..။
အဲဒါဟာ... ဦးအုန်းမောင် ဦးဆောင်မယ့် တိုင်းပြည်ကောင်းစားရေး လိုလားတဲ့ ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းမယ့် အုပ်ချုပ်ရေး အသိုင်းဝိုင်း တခု အဖြိုဖျက်ခံရတာ...။
အဲဒါဟာ ရဲဘော်ကိုထွေး ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေကို အသက်ပေး စောင့်ရှောက်တတ်တဲ့ စစ်သည်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်သွားစေခဲ့တာ..။
အဲဒါဟာ... မြန်မာနိုင်ငံရဲ့ လှပတော့မယ့် အနာဂတ်ကို ပစ်ချခံလိုက်ရတာလည်းဖြစ်တယ်။
အဲဒါဟာ...ခုချိန်ထိအောင် ၆၁နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ...။ ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။
အာဇာနည်ကြီးများအား အစဉ်အမြဲ ဦးညွှတ် အလေးပြုပါ၏..။

အတော်လေးကို ထိမိတဲ့ စကားလုံးတွေနဲ့ ဖွဲ့သီထားတာပဲဗျာ။
ReplyDeleteအခုချိန်အထိ မှောင်မိုက်နေဆဲ...
ဂဠုန်ဦးစောတို့လို အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ မတရား ရယူချင်သူတွေကို စတင်ပေါ်ပေါက်လာစေခဲ့ရာ.......
ReplyDeleteJulydream.. ကျေးဇူးပါ..။ ဒါဟာ ကျမတို့နိုင်ငံရဲ့ ကံကြမ္မာပဲ ထင်ပါရဲ့..။
ReplyDeleteဟုတ်လိုက်လေ.. ကိုပေါရေ...
လက်နက်နဲ့အာဏာလုတာကို စွဲမြဲသွားစေတဲ့ စနစ်တခု တည်ဆောက်ခံရတာလည်းဖြစ်တယ်။