
ခုလည်း Hiphop အဆိုတော် ဇေယျာသော်ကို ဖမ်းသွားပြီးနောက်မှာ မနေ့ကပဲ ဇေယျာသော့်သူငယ်ချင်း ရန်ရန်ချန်း(Acid) ကိုလည်း သားသမီးချင်း ကိုယ်ချင်းမစာ ခေါ်သွားပြန်ပြီလို့ သတင်းကြားရပါတယ်။
နိုင်ငံတော်အစိုးရလို့ နာမည်ခံပြီး အဲလိုပဲ ထင်ကြေးနဲ့ စွတ်ပြီး ဥပဒေမဲ့လုပ်လို့ရသလား..။ မိဘကိုမရရင် သားသမီးကိုဖမ်း.. ခင်ပွန်းမရရင် ဇနီးသည်ကိုဖမ်း.. သူငယ်ချင်းတအုပ်စုအတူတူဆိုဖမ်း.. အဲသလို လုပ်လို့ရသလား..။ မိဘတွေရဲ့ ရင်သွေးတွေ.. ဇနီးမယားတွေရဲ့ ခင်ပွန်းယောက်ျားတွေ၊ လင်ယောက်ျားတွေရဲ့ ဇနီးသည်တွေ.. သားသမီးတွေရဲ့ မိဘတွေကို များစွာကို သူတို့ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခဲ့တာ မနည်းတော့။ အသက်တွေ ဘ၀တွေ စတေးခံခဲ့ကြရတာ မနည်းတော့။ သူတို့တတွေအတွက် လွတ်မြောက်ရာလမ်းက ဘယ်မှာလဲ..။ ဘယ်အချိန်လဲ..။
ဒီလို လုပ်ချင်ရာကို လုပ်ချင်တိုင်းလုပ်နေတဲ့ အာဏာရူးတွေကို ပွဲသိမ်းမတိုက်နိုင်သေးသမျှတော့ ကျမတို့ နောက်ထပ် ပေးရမယ့် ဘ၀တွေ..အသက်တွေ.. ဘယ်လောက်များများ ရှိနေဦးမလဲ..။ တကယ့် လူငယ်လေးတွေ.. လူတော်လေးတွေရဲ့ အရွယ်တွေ အစတေးခံ နေကြရတာရဲ့ နောက်မှာ ကျမတို့ ဘာလုပ်နိုင်မလဲ..။ အဲဒီအာဏာရှင်တွေကို အံတုဆန့်ကျင်တဲ့ အလုပ်မှန်သမျှ.. ကျမတို့ တတ်နိုင်တာမှန်သမျှကို အယောက်တိုင်းက လုပ်နေကြဖို့တော့ လိုနေပါပြီ။ အနည်းဆုံး သူတို့လိမ်လည်သမျှ.. အနိုင်ကျင့်သမျှကို လူထုက ခံမနေဘူးဆိုတာလောက်တော့ ပြကြရတော့မှာပါပဲ..။
လာမယ့် မေလ၁၀ရက်နေ့ကတော့ စစ်အုပ်စုအပေါ် ပြည်သူလူထုရဲ့ မကျေနပ်မှု အလိုမတူမှုကို ပြဖို့အတွက် 'NO' ကြရမယ့် ရက်ပါပဲ..။ အဲဒါက အာဏာရှင်တစုကို ကန့်ကွက်အပြုတ်တိုက်ရမယ့် တိုက်ပွဲကြီးတခုရဲ့ အစလည်း ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အဖမ်းဆီးအနှိပ်စက်ကို ခံနေကြရတဲ့.. ပြည်သူလူထုအတွက် တိုက်ပွဲဝင်နေကြတဲ့.. ကျမတို့ ချစ်သော ခင်သော လေးစားသောသူတွေကို ငဲ့ညှာတဲ့အနေနဲ့ NO ကြပါစို့..။
ဒီမိုသမားတွေသည် ရေရှည်စီမံချက်မရှိပါ။ လုပ်ဖို့လဲစိတ်မ၀င်စားပါ။ စိတ်ဝင်စားသည်မှာ နအဖကို မထိတထိလုပ်ဖို့သာဖြစ်ပါသည်။ တခါတလေ အရေမရအဖတ်မရ အတင်းပြောပါသည်
ReplyDeleteမျက်တောင်တမွှေးအဆုံးထိသာ မြင်ထားသည့် အပလာ စီမံချက်တွေကို ဝေဖန်ရင် အင်မတန် ဒေါသထွက်တတ်ပါသည်။ ဘာပဲဖြစ်ဖြစ် မြှောက်မှ ကျေနပ်ပါသည်။ အဲဒါကို ဒီမိုကရေစီသမားများဟု ခေါ်ပါသည်
နှစ် ၂၀ လုံးလုံး နအဖကို အတင်းပြော၊ မထိတတိ အလုပ်တွေနဲ့ အချိန်ကိုကုန်ဆုံးစေခဲ့သည်။ နောင်တွင်လည်း ယခုအတိုင်း ဦးတည်မဲ့ ဆက်လျှောက်မည်ဖြစ်၏
လက်တွေ့ကျကျ မတွေးတတ်သော ဒီမိုသမားတွေ၊ လိမ်ညာလှည့်ပတ်တောင်းစားနေသူတွေရဲ့ တပည့်တွေရဲ့ အောင်ပွဲသည် စာသားများအဖြစ်နဲ့သာ ရှိနေမည်ဖြစ်ပါသည်။ လက်တွေ့ဘ၀တွင် အောင်မြင်မည်မဟုတ်ပါ
ဒေါက်တာလွမ်းဆွေသူတို့ကို ရေရှည်စီမံချက်မရှိတာ ဝေဖန်လို့ ဘန်းတယ်ဆိုပဲ . . ဖွတ်ထွက်မှ တောင်ပို့ဆိုသလို မိမိကိုဝေဖန်ခံရတဲ့အချိန်ကျမှ ဒီမိုဘာလဲသိတော့တယ်
နအဖနဲ့ ဒီမိုဘာကွာလဲဆိုတာ လက်တွေ့ဘ၀တွင် စာလုံးပေါင်းသာကွာသည် . . . အပြုအမူ၊ အလုပ်အကိုင်ကတော့ အတူတူပါပဲ
I have read on one blog that Yan Yan Chan is arrested because of using drugs. Is that true? Is he arrested for political movement or because of using drugs?
ReplyDelete