သေခြင်းတရားကလည်း
မြက်ခုတ်ဓားနဲ့ မြက်ပင်တွေ
တပင်ပြီးတပင်ရှင်းသလို ရှင်းလို့
ငါတို့ဟာ အပင်တွေဆိုရင်
အရွယ်အစားအမျိုးမျိုး
အကြီးအငယ်
အသက်အမျိုးမျိုး
နာမည်အမျိုးမျိုး
ဂုဏ်ပုဒ်အမျိုးမျိုး
သွားပြီ၊ သွားကြပြီ
ဒီလို အချိန်မရွေး သေမယ်မှန်းသိရင်
ငါ့အလှည့်မှန်းသိရင်
တယောက်က တယောက်ကို
အပြန်အလှန်ပေးအပ်ရမယ့်အရာတွေ
ပေးခဲ့မှာပေါ့လို့
ကွယ်လွန်သူတချို့က နောင်တရချင်
ငါ့အလှည့် ငါတို့အလှည့်က မကျသေးဘူးဆိုရင်
နောင်တရစရာများ ယူဆောင်မသွားဖို့ပါပဲ။ ။
သုခမိန်လှိုင်
(၁၀-၃-၂၀၀၈ ဘိုထီးကွယ်လွန်သည့်နေ့၌ရေးသည်။ )
Tuesday, March 11, 2008
အမှတ်တရ စိုင်းထီးဆိုင်
Subscribe to:
Post Comments (Atom)
မြန်မာ့ဂီတလောကအတွက်ပါရမီရှင်တစ်ဦးထပ်မံဆုံးရှုံးရခြင်းဖြစ်ပါသည်…
ReplyDeleteMg Yin