Wednesday, November 7, 2007

What's in May Nyane's bag

ဂျစ်တူးလေးက Tag ထားတာ ကြာပါပြီ။ ကျမကလည်း ရေးချင်တာကြာ။ ဒါပေမဲ့ ဒီရက်တွေ ထဲမှာ အလုပ်တွေက တကယ်ကြီးကို ပိ။ ပြီးတော့ ဘယ်လောက်များလဲဆို ဓါတ်ပုံရိုက်ထားပြီးတာတောင် ကင်မရာထဲကနေ မထုတ်ဖြစ်။ ထုတ်ပြီးပြန်တော့လည်း ဂျစ်လုပ်သလို ဓါတ်ပုံမှာ နံပါတ်လေးတွေ မတပ်တတ်... :D

ခုတော့ မထူးပါဘူးဆိုပြီး Tag တဲ့ သူကိုပဲ ပြန်အပ်လိုက်ရ.. ဂျစ်လိုမျိုးလေး လုပ်ပေးပါပေါ့။ :P
ကဲ.. ကျမသွားလေရာ ပါတဲ့ ပစ္စည်းတွေ….အဲဒီမှာ။

  1. ကျမရဲ့ လွယ်အိတ်ကလေးပါ။(သေးသေးလေးနဲ့ တော်တော်ဆံ့)
  2. အိတ်ဆောင် ဒိုင်ယာရီလေး (RFA က ပေးထားတာ)
  3. Electronic Dictionary (အင်္ဂလိပ်စာညံ့လို့ ဆောင်ရ)
  4. ရှူဆေးဗူးလေး (အဖွားကြီးဆိုတော့ ခဏခဏ မူးတတ်လို့ J)
  5. ဒါကတော့ စိတ်ညစ်စရာလည်းကောင်း.. အရေးကလည်းပါ….
  6. အဲဒီ ဘီးလေး .. ဗမာပြည်ကတည်းက ပါလာတာ။(တကယ်တော့ အဖျားလေးကျိုးနေပြီ =)) )
  7. ခုရိုက်နေတဲ့ ကင်မရာထည့်တဲ့ အိတ်ကလေးပါ။
  8. မျက်မှန်အိတ်က ပိုပါသွားတာ .. (:P)
  9. မျက်စေ့အလွန်ကျိန်းတတ်သော ကျမအတွက် အရေးပါသော မျက်မှန်ကလေး
  10. ပိုက်ဆံအိတ်ကလေး
  11. ဓါတ်ပုံထဲ မပါဘဲ ကျန်နေသေးတာက ရွက်ဆုတ် စာအုပ်လေး။(ဘယ်လို ကျန်ခဲ့တယ် မသိ)

8 comments:

  1. hey.. what's wrong with u?
    What am i gonna do with ur dirty stuff? Be careful. Hope U won't show ur underwears in coming posts.

    ReplyDelete
  2. ဘလော့ဂ်ထဲမှာ ခင်မင်ရင်းနှီးစွာ တစ်ဦးနဲ့တစ်ဦး tag ပြီး အကြောင်းအရာတစ်ခုခုကို ရေးခိုင်းကြတယ် ဆိုတာ ရှိပါတယ်။ ကို၊မ (သန်း) နားမလည်လို့ ဒါမှမဟုတ် သတိမထားမိလို့ ဖြစ်ပါလိမ့်မယ်။ နားမလည်ရင်လည်း မေးမြန်းလို့ရပါတယ်။ ငြိမ်နေလို့လည်းရပါတယ်။ ကိုယ့်မှတ်ချက်တစ်ကြောင်းဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြနေပါတယ်။ အခုလိုပြောတော့ ရေးခိုင်းမိသူပါ စိတ်မကောင်း ဖြစ်သွားနိုင်ပါတယ်။ သူတပါး စိတ်အနှောင့်အယှက် ဖြစ်စေဖို့ သက်သက် အဓိပ္ပာယ်မဲ့ တိုက်ခိုက်မှုမျိုးကို လာမလုပ်ဖို့ အမြင်မတော်စွာ မေတ္တာရပ်ခံပါတယ်။

    ReplyDelete
  3.ွှ့ မသန်းလား ကိုသန်းလားတော့မသိ
    ဒေါ်မေငြိမ်းဘာမှားမိပါလိမ့်..
    သူဟာသူ သူမိတ်ဆွေတွေကို သူအမြဲဆောင်တတ်တဲ့အရာလေးတွေချပြတာကို ကိုသန်း.မသန်းက အဲ့ဒီ့ဟာလေးတွေနဲ့ ဘာလုပ်ချင်သေးလို့ လဲ?? ဒေါ်မေငြိမ်းလဲတော်တော်ဂရုတစိုက်ပြပေးထားတာပါ.စိတ်မပူပါနဲ့
    တကယ်လို့ ကိုသန်း မသန်းက နောက်ပို့ စ်မှာ အောက်ခံဘောင်းဘီပြတာမမြင်ချင်ပဲ သီးသန့်တွေ့ ချင်ရင်တော့ မြန်မာသံရုံးသွားအလုပ်လုပ်လိုက်ပါ....

    ReplyDelete
  4. ဆရာမဘီးလေးယူသွားပြီ။ ဘီးမရှိလို့ 

    ReplyDelete
  5. အမရေ .. စိတ်ဝင်တစား လာဖတ်သွားတယ် ။ သား၂ မီး၂ တို့နဲ့ ဆိုင်တာလည်း မပါပါလားဟင်း)

    ReplyDelete
  6. ဂျစ်ရေ..
    ကလေးတွေက ကြီးကုန်ပြီလေ။ သူတို့နဲ့ ဆိုင်တဲ့ ပစ္စည်းတွေက အိတ်တလုံးနဲ့ သပ်သပ်ထည့်ရပြီ။ တကယ်တော့ အမတို့ဘ၀တွေက အင်မတန်ရိုးစင်းလှပါတယ်။ အဲဒီအခါ တခါတလေတော့လည်း ရိုးရိုးပဲတွေးချင်ပါတော့တယ်၊

    ReplyDelete
  7. အစ်မ အိပ်ထဲက ပစ္စည်းတွေ သေချာကြည့်သွားပါသည်။

    ReplyDelete
  8. အမေ၇--ဘာပဖြစ်ဖြစ်-စိတ်မညစ်နဲ့

    ReplyDelete