Friday, June 13, 2008

မိုင်တိုင်အမှတ် ၄၃...

၄၃ တဲ့။ မျက်နှာချင်းဆိုင် ဂဏန်းလေးနှစ်လုံးက စိတ်ဝင်စားစရာ.။ ဒါဟာ.. ကျမအတွက် လျှောက်ရမယ့် ခရီးရဲ့ တ၀က်လား.. ဒါမှမဟုတ်.. သုံးပုံနှစ်ပုံစာလားး.. ဒါမှမဟုတ် ခရီးဆုံးကာနီးလား..။ ဘယ်သူမှ မပြောနိုင်ပါ။

အင်းး ဒါပေမဲ့ ဖြတ်ခဲ့သမျှ ခရီးတာမှာတော့ ကျမက ကိုယ့်ဘ၀ကို ကျေနပ်နိုင်ခဲ့တဲ့သူပါပဲ..။
ခုထိတော့
ဘ၀ဆိုတဲ့ အချိန်တိုလေးထဲ ကိုယ်လုပ်ချင်တာတွေထဲ သူများအတွက်လည်း ပါအောင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ သက်တမ်းတ၀က်ကျော် လုပ်ခဲ့။
နောက်တော့..
'မဖြစ်သေးပါဘူး.. တကယ်က ကိုယ့်အတွက် .. နည်းနည်း သူများအတွက်များများ လုပ်ရမှာ..၊ လုပ်နိုင်ရမှာ..' လို့ တွေးမိ။
(အန်တီစုကတော့ ဒီအသက်အရွယ်မှာပဲ မြန်မာပြည်အတွက် သူ့ဘ၀ကို ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်)

ကျမဆီမှာကတော့ 'ဒါပေမဲ့'တွေ ရှိနေသေး..။

ကျမရဲ့အကြီးမားဆုံး ချွတ်ယွင်းချက်က စိတ်ခံစားမှုနောက် လိုက်လွန်းတာပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်ပဲ.. ဘ၀ဆိုတာ ကိုယ်လုပ်ချင်တာလေးလုပ်နေရမှ တန်ဖိုးရှိတာဆိုပီး လုပ်ချင်တာတွေ လုပ်ဖို့ပဲ ရှင်သန်ခဲ့..။ ပြီးတော့ ဘ၀ဆိုတာအပေါ် အားကောင်းတဲ့ ချစ်စိတ်တွေနဲ့..။
ပြီးခဲ့တဲ့ မွေးနေ့တွေမှာ အဖေ့ကို သတိရ.. အမေ့ကို သတိရ..။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားကြသောက်ကြ..။
တကယ့် သမားရိုးကျပါပဲ..။ ဘ၀ဆိုတာကို တမက်တမော ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့.. ။ ဒါပေမဲ့....

ဒီတကြိမ်မွေးနေ့မှာတော့..
လူ့ဘ၀ဆိုတာ... စီရင် ရေးသားပြီးသား အမိန့်စာတခုလို့ ထင်..
လူ့ဘ၀ဆိုတာ ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုကို မိန့်သလို သူ့ကြွေးရှိသမျှ အကုန်ဆပ်ကြရတဲ့ နေရာ..။
လူ့ဘ၀ဆိုတာ ရေစပ်နားမှောက်ခုံသေ.. သစ်ပင်ပေါ်တွဲလောင်းချိတ်သေ.. မြစ်ရေထဲ မျောချင်တိုင်း မျောသေ..။ အစာငတ် ရေငတ်သေ..။ အနာရောဂါဖြစ်သေ..။
ပညာတကယ်မတတ်ဘဲ သေ..။ အဖိနှိပ်အမျိုးမျိုး ခံပြီး သေ..။ အလိမ်အညာခံပြီးသေ..။ အရက်စက်ခံပြီးသေ..။ လူ့အခွင့်အရေးဆိုတာကို ငတ်ပြီးသေ..။ တော်လှန်ရင်း သေ..။ မသေခင်အခိုက်အတံ့တော့ အလူးအလိမ့် ရင်ဆိုင် ခံစားကြပေါ့.. ။
အဲဒီအခါ ဒီတကြိမ်မွေးနေ့မှာ ကျမက ဒီလိုဘ၀ထဲမှာ စောစော သေသွားရတာကမှ ကံကောင်းသေးလို့ တွေးနေမိပြီ။

အဲဒီအခါ ..
ဇာတာထဲက "အသက်၁၂၀ရှည်စေသော်ဝ်"ဆိုတာကို "
နေချင်စိတ်ရှိသလောက်သာ နေခွင့်ရစေသော်ဝ်"
လို့ပဲ ပြင်ချင်နေမိပါတော့တယ်။

(မွေးနေ့ အမှတ်တရ)

22 comments:

  1. မွေးနေ့ဆိုလို့...အင်း....မွေးနေ့ဆိုတဲ့ ရက်စွဲက လူတစ်ယောက်ကို အရာရာ ပြန်ပြောင်း ဝေဖန်သုံးသပ် သတိရစေဖို့ သတ်မှတ်ပေးထားသလိုပါပဲလေ။ ကိုယ်ကိုယ်တိုင်က ရက်စွဲတွေ၊ နံပါတ်၊ နာမည်တွေ မှတ်ရတာ အားနည်းတော့ ဘဝအတွက် အမှတ်တရတွေက ရက်စွဲတွေ အနေနဲ့ မရှိခဲ့ဘူး။ ကျွန်တော်လူမိုက်ကတော့ အသက်ကြီးလာပေမယ့် မျဉ်းဖြောင့်ဘဝကို ဆန့်ကျင်ပြီး ဘဝပေါင်းမြောက်မြားစွာနဲ့ အတူတကွ နေထိုင်ဖို့ ကြိုးစားနေလေရဲ့။ စိတ်နှလုံးအိမ်ကို သံကွန်ချာ အထပ်ထပ်အုပ်ထားရင်တော့ အသက် ၉၀-ထိများ နေရမလား မသိဘူး။

    ReplyDelete
  2. ဆရာမအတွက် ပျော်ရွှင်သောမွေးနေဖြစ်ပါစေလို့ နဲ့ တချိန်တည်းမှာဘဲ မင်္ဂလာသတင်း၊ စိတ်ရွှင်လန်းချမ်းမြေ့ဘွယ် သတင်းများ၊ မြင်ကွင်းများကိုသာ ကြားရမြင်ရတဲ့ ကာလကို အမြန်ဆုံး ရောက်ရှိပါလို့ (ကျနော်တို့အားလုံးအတွက်ပါ) ဆုတောင်းပေးလိုက်ပါတယ်။ နောက်ငါးရက်နေရင် အန်တီစု မွေးနေ့ကျတယ်။ စင်ကာပူဘုန်းကြီးကျောင်းမှာ မြန်မာတွေ စုပြီး မွေးနေ့အလှူလုပ်ကြမယ်။ အန်တီ့ဓါတ်ပုံပြပွဲ၊ ကဗျာရွတ်ပွဲနဲ့ လူတွေ အမှတ်တရ စကားပြောကြလိမ့်မယ်။ အန်တီ့အတွက် ပေးဘို့ လူတွေ နှစ်စဉ် အမှတ်တရ ရေးထိုးလာတဲ့ ဆုတောင်းမေတ္တာလွှာ မှတ်တမ်းစာအုပ်တွေလည်း ၆၀ ပြည့်ကစလို့ တစတစ များလာနေပြီ။ အန်တီ အမြန်ဆုံးလွတ်ပါစေလို့လည်း ဆုတောင်းကြရမှာပေါ့။

    ReplyDelete
  3. "Happy 43th Birth Day Ah Ma"

    May all your dreams come true along with the Democratic Union of Myanmar (Burma) soon..

    with warm wishes..

    ReplyDelete
  4. မျက်နှာချင်းဆိုင်အနီး ဖြစ်လာတဲ့ ဂဏန်းနှစ်လုံးဟာ အတွင်းသဏ္ဍာန်ကို အာရုံကပ် ပြန်သုံးသပ်ဖို့အတွက် အချိန်ကိုရောက်လာကြောင်း သင်္ကေတပြထားတာများလား။ ကိုယ်တိုင်လည်း တနေ့ရောက်ရဦးမယ်။ လောလောဆယ်တော့ ကျောချင်းကပ်အဝေးမှာပဲ။

    လူသားဆန်ဆန် စိတ်ဝင်စားစရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့အစ်မ ဘ၀မှာ လိုချင်တာ လိုအပ်တာများ ရယူပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်စရာ ပန်းတိုင်တခုကို ချစ်သူတို့နဲ့အတူ ရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    (လက်ဆောင် ဘာလိုချင်လဲ ပြော။)

    ReplyDelete
  5. ခိုင်မာသော ယုံကြည်မှု ၊ ရင်တွင်းမှဖြစ်လာသော ခံစားမှု ၊ ဘ၀အတွေ့အကြုံပေါင်းများစွာနဲ့ မေတ္တာစေတနာ အပြည့်ထားတတ်သော ဆရာမ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုပေါင်းများစွာနဲ့ လိုချင်သော ဘ၀ပန်းတိုင်တစ်ခုကို အောင်မြင်စွာ ရောက်ရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

    ချစ်ခင်စွာဖြင့်

    လင်းလက်ကြယ်စင်

    ReplyDelete
  6. အမ။ တခြားတော့ ထူးထူးထွေထွေ မဆုတောင်းတော့ဘူး၊ ဒီနေ့ မွေးနေ့မှသည် နောက်နောင် အသက်ရှင်နေသမျှ ကာလပတ်လုံး စိတ်ထဲမှာ ဖြစ်ချင်တာနဲ့ လက်တွေ့ဘ၀မှာ ဖြစ်နေတာ တထပ်တည်း ကျနိုင်ပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  7. အမရေ..
    အဲလောက်ကြီးလည်း..သံဝေ ဂ တွေ ..ယူ မစော နဲ့အုံးလေ။

    တကယ့်ဘ၀ ကြီး ထဲ မှာ.. ပြည့်ဝ စွာ.. ရှင်သန် ရင် ဆိုင် ရ မဲ့.. ၃ နှစ် သမီး လေး ပဲ ရှိ ပါ သေးတယ်။

    ဘာ မှ မကြောင့်ကြ နဲ့..ရှေ့ ဆက် လျှောက်မယ်... လမ်း ရှိသရွေ့.. နေ သာ သရွေ့.. လေညာ ကို ဆန် လို လည်း ဆန်..

    မိသားစု နဲ့ ကိုယ်ပိုင် ဘ၀ ညီမျှ လှပ နိုင် ပါစေ။
း)

    ReplyDelete
  8. ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျို့

    ReplyDelete
  9. I have no idea its already 43. All my memories of University's life is vague sometime. Well.. Time flies so fast.
    " HAPPY BIRTHDAY"
    see you in near future.

    Nay Lin

    ReplyDelete
  10. Your birthday is June 14 that is World Blood Donor Day also. Wow... so great.

    Happy birthday!

    Yours truly,
    July Dream

    ReplyDelete
  11. မွေးနေ့ လာလည်သူတွေကို ဘာမှမကျွေးရတာ စိတ်မကောင်းပါ..။
    တချိန်ချိန် .... အသေအချာ ဆုံကြမယ်။
    မွေးနေ့ဆုတောင်းတွေအတွက်လည်း ကျေးဇူးပါ....။

    ReplyDelete
  12. Happy Birthday, Sayarma Daw May Nyein. May all wishes come true!

    ReplyDelete
  13. အန်တီ... မွေးနေ့ကတ်တွေ ပို့ထားတာ ရလား... :D

    ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ပဲ...

    ReplyDelete
  14. ဆရာမ...
    လှပပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မွေးနေ့ ပေါင်းများစွာကို ချစ်တဲ့ မိသားစုကလေးနဲ့  အတူတူ ဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  15. နောက်ကျ လာပြီး ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။ နှစ်ပေါင်းများစွာ နေချင်စိတ်တွေရှိပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  16. Aunty may nyane! Happy belated BD..

    ReplyDelete
  17. "မ" ရေ…၃ရက်နောက်ကျသွားတယ်...ပျော်ရွှင်စရာစစ်စစ်တွေနဲ့ 
    မွေးနေ့ အသစ်သစ်တွေရပါစေလို့ …ဘ၀ဆိုတာ တခါတခါ မျက်လှည့်လို အံသြရင်ခုန်စရာမို့  မနက်ဖြန်တွေ မလှတော့ဘူးလို့  ဘယ်သူကတတ်အပ်ပြောနိုင်မလဲ "မ"ရယ်…ချစ်စရာမိသားစုလေးနဲ့  ဇာတာထဲကလို "အသက်၁၂၀ရှည်စေသော်ဝ်"….

    ReplyDelete
  18. Happy belated birthday
    Ma may nyein

    ReplyDelete
  19. အမရေ ထပ်ဆုတောင်းပေးလိုက်တယ် .. ချစ်ခင်ပွန်းနဲ့ သားသမီးတွေကြား အပြုံးတွေ ဝေဆာလို့ အမြဲ နေနိုင်ပါစေလို့း)

    ReplyDelete
  20. တခု ပြောဖို့ မေ့သွားတယ် .. ကိုယ့်အမမို့ ပြောတာမဟုတ် .. ၄၃ လို့ ထင်ကို မထင်ရတား)

    ReplyDelete
  21. အစ်မရေ။ belated happy birthday ပါနော်။ ဖိုးစနေ အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေလို့ မွေးနေ့မမှီလိုက်ဘူး။

    ReplyDelete
  22. နောက်ကျသွားတယ်ဗျာ ။။
    ဒါပေမဲ့ နောက်မကျသေးပါဘူး ။
    ၁၃ ၊ ၂၃ ၊ ၃၃ မှာတုန်းက မရခဲ့တဲ့ ငြိမ်းချမ်းပျော်၇ွှင်မှုတွေရှိခဲ့ရင် ခု ၄၃ မှသည် ......
    စိတ်နဲ့ကိုယ် ထပ်တူ
    ငြိမ်းချမ်းပျော်ရွှင်ပါစေဗျာ ...

    ReplyDelete