Friday, May 23, 2008

ခပ်ပြောင်ပြောင်ပါပဲ..


အဲဒီမှာ ကြည့်ကြပါဦး။ အမှန်ကို ပုံနှိပ်ခြစ်ပြီးသားတဲ့.. (သူတို့လုပ်တော့ မင်နဲ့ မခြစ်ဘဲ ပုံနှိပ်ထားလည်းပဲ ပယ်မဲမဖြစ်)။
အစိုးရတဲ့.. ။ အဲဒီလို ကိုယ့် ဥပဒေကိုယ် ချိုးဖောက်တာမျိုးး ၊ အဲဒီလို ပြောင်ကျကျ အရှက်နည်းနည်း ဘယ်သူ လုပ်ရဲလဲ..။
သမိုင်းဆိုတာကို နားမလည်ရှာတဲ့ ပညာနည်းတွေ.. အရှက်နည်းတွေ ခမျာ.. သမိုင်းဆိုတာကို ကြောက်ရမှန်း ရှက်ရမှန်းမသိ..။ သူတို့အစား ရှက်ပါဘိ။ ပြီးတော့ ကြေငြာပါလိမ့်မယ် .. ရာနှုန်းပြည့်ထောက်ခံမဲရကြောင်းးးး ၀ါးဟားဟားးးး

2 comments:

  1. အခုပုံက အစစ်ဟုတ်တယ်လို့ မယုံပါဘူး.. ဒီမိုတွေက လိမ်ညာတဲ့နေရာမှာ နှစ်ယောက်မရှိဘူး.. ကဲပါ.. နအဖက မဲလိမ်တယ်ပဲထားလိုက်ပါ… NO နဲ့ အချိန်ကုန်ခံခဲ့တာ.. အချိန်ကုန်လူပန်းနဲ့ လုပ်တဲ့သူတွေ ငတုံးတွေဖြစ်ကုန်တယ်မဟုတ်လား?

    ReplyDelete
  2. မေငြိမ်း..

    အားလုံးပီးသွားသောအခါ....
    ထိုမဲသည် ဖိတ်စာဖြစ်မည်လား.. တရားဝင်ဖြစ်မည်လား မသိသေးပါဟု မဇျွှိမကပင် ချင့်ချင့်ချိန်ချိန်ပြောခဲ့ပီး အမှန်တကယ်လဲ ဖိတ်စာသဘောမျိုးသာ ဖြစ်ခဲ့တာ ထင်ရှားခဲ့သောအခါ....


    ယခုမေငြိမ်းသည် တရားလက်လွတ် စွပ်စွဲပစ်တင်ခဲ့မှုအတွက်...

    ၀ါးဟားဟားးးးးး အတွက်...

    ယခင်နေ့များက ချင့်ချိန်တတ်သော.. တည်ငြိမ်သော.. ယုံကြည်ချက်ကို ကိုင်စွဲသော်လည်း ပရမ်းပတာ ပြောဆိုမှုကို ရှောင်ကျဉ်သော စာရေးဆရာမ မေငြိမ်းအား မည်သို့ရင်ဆိုင်မည်နည်း..

    ကျွန်တော်သိချင်လှပါ၏

    ReplyDelete