Wednesday, February 20, 2008

ဖြန့်ဝေခြင်း(၆၁)

ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။မတရားအစိုးရက ပြည်သူလူထုကြီးကို ပြတ်ပြတ်သားသား စိမ်ခေါ်ဖွင့်တိုက်လိုက်ပါပြီ။

ကျမတို့ပြည်သူလူထုက ဘယ်လို တုံ့ပြန်မလဲ…။
ကဗျာဆရာကိုအောင်ဝေးက ပြောပါတယ်..
“ရန် ငါ မပြတ်လို့ သံဃာအသတ်ခံရတာ” တဲ့။

သေချာတာကတော့ ခု ချိန်ဟာ စစ်အစိုးရက သူတို့ဘက်ကတော့ လူထုအပေါ် ရန်- ငါ စည်းပြတ်ကြောင်း ပြလိုက်တာပါပဲ။ လူထုဟာ ငါတို့လုပ်တာ ခံရမှာပဲ။ ဘာဒီမိုကရေစီမှ ဂရုမစိုက်ဘူး။ ငါတို့မှာ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ခံယူထားတာကို ကမ္ဘာသိအတိအလင်းပြတာ ဒါပါနဲ့ဆို ဘယ်နှကြိမ်မြောက်ရှိပြီလဲ..။ ခု ဖွဲ့စည်းပုံဥပဒေ အတည်ပြုမယ့်ကိစ္စကတော့ သီးလေးသီးစကားနဲ့ ပြောရရင်.. “ဆင်ဒဏ် လူဒဏ် သစ်တုံးခံ”ရမယ့် ကိစ္စကြီးပါပဲ။ အဆင့်ဆင့် ဖိနှိပ်သမျှ ဆင်းရဲဒုက္ခကို ပြည်သူလူထုကြီးကသာ ခါးစည်းခံကြရတော့မှာပါ။ အခု သူတို့ရဲ့ အတုအယောင်ညီလာခံကနေ အဓမ္မချမှတ်လိုက်တဲ့ ကလိမ်ကညစ် အခြေခံဥပဒေကြီးကို အတည်ပြုလိုက်မိရင်တော့ ကျမတို့ရဲ့ သားစဉ် မြေးဆက်တွေကို.. မဆလ လက်ထက် တုန်းကထက်တောင် အဆများစွာ ဆိုးဦးမယ့် ဘ၀တွေထဲ ဆက်တွန်းပို့နေတာဟာ ကျမတို့ကိုယ်တိုင်ပဲ ဖြစ်တော့မှာပါ။ အဲဒီမသမာသူ လူတစုရဲ့ မြန်မာနိုင်ငံကို လုပ်ကြံတဲ့ အစီအစဉ်ကို မကန့်ကွက်လိုက်မိရင်တော့ သမိုင်းတွင်မယ့် လုပ်ကြံသူတွေထဲမှာ ပြည်သူလူထုပါ အပါအ၀င်ဖြစ်တော့မှာပါ။ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဘာကြောင့် ကန့်ကွက်ရမှာလဲဆိုတာကို ကျမ Blog ရဲ့ Side bar မှာ PDF File နဲ့ တင်ထားပေးပါတယ်။ ဒါပေမဲ့ မဖတ်မိမှာစိုးလို့ ထပ်သတိပေးချင်ပါတယ်။ ဒီနေရာ မှာလည်း ယူဖတ်လို့ရပါတယ်။ အင်မတန် ရက်စက်တဲ့ ဥာဏ်များလှတဲ့ စစ်အစိုးရရဲ့ ပရိယာယ်ထဲ ကျဆင်းမသွားအောင် ကျမတို့ လူထုကြီးဘက်က သေသေချာချာ သိဖို့ နားလည် ထားဖို့ လိုတာမို့... ကျေးဇူးပြုပြီး သေသေချာချာ ဖတ်ကြသလို ထပ်ဆင့် ဖြန့်ဝေပေးကြပါလို့ မေတ္တာ ရပ်ခံလိုက်ပါတယ်။

လေးစားစွာ- မေငြိမ်း



2 comments:

  1. နောက်ဆုံး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြေရှင်းမှု ပုံစံက ..... နအဖ လက်တစ်ဆုပ်စာ... ခွေးသူတောင်းစားတွေကို......ဆူပါ့ဆူပါ.....စနှိုက်ဘာ ဂန်းတွေနဲ့ပဲ........ ဖြေရှင်းရတော့မယ်......... အဲဒါကို မယုံကြည်တဲ့လူ မလုပ်နဲ့ ......... ယုံတဲ့ လူက လုပ်ကိုလုပ်ရတော့မယ်......

    ReplyDelete
  2. ဆရာမရေ

    ကျွန်တော် ပြန်ရေးနေပြီ ဆိုတဲ့အကြောင်း လာပြောတာပါ။ ဒီ အဆင့် ၄ အကြောင်းကို ကျွန်တော့် လူပြိန်း အမြင်လည်း ရေးထားပါတယ်၊ ဆရာမ ဘလော့ဂ်က No Campaign poster ကိုလည်း ယူသွားပါတယ်။

    ပုထုဇဉ်

    ReplyDelete