Tuesday, January 15, 2008

ကြော်ငြာ

တိုက်တိုက်ဆိုင်ဆိုင် ဒီတလောမှာမှ ကျမကို ဂျစ်တူးလေးလုပ်တဲ့ 'မြန်မာ့ပညာရေး'ဘလော့မှာ မရေးတော့ ဘူးလား.. RFA မှာ အပတ်စဉ်လုပ်နေတဲ့ ပညာရေးဆောင်းပါးတွေကို ပြန်တင်ပေးပါဦး..တို့ ပြောကြတာ များလာတယ်။ ကျမခမျာ စိတ်မကောင်းတွေဖြစ်လို့။ ကျမရဲ့ “ပညာရေးမျက်နှာစာ” လို့ နာမည်ပေးထားတဲ့ ဘလော့လေးကို စက်တင်ဘာ လဆန်းကတည်းက လုပ်ထားတာ။ ခုဆို ပို့စ် ၅၂ပုဒ်တောင်တင်ထားပြီးပြီ။ ဂျစ်တူးလေးရဲ့ ပညာရေးဘလော့မှာ မရေးဖြစ်တာကတော့ ကျမက သူပုန်ဘလော့ဂါဆိုတော့ ပညာရေးအကြောင်းရေးလည်း နိုင်ငံရေးဝေဖန်တာမျိုးက ပါတာဆိုတော့ အဲဒီ စုပေါင်း ဘလော့လေးထဲမှာပါတဲ့ တချို့ဘလော့ဂါတွေက တိုင်းပြည်နဲ့ ပတ်သက်နေရတဲ့သူတွေ ဆိုတော့ ကျမကြောင့် သူတို့ထိခိုက်မှာကိုလည်း စိုးရပါတယ်။ (သူတို့ခမျာလည်း နည်းနည်း လန့်ပုံရတယ် :P) ဒါနဲ့ပဲ ကျမဘာသာပဲ ဘလော့လေးတခု ဖန်တီးလိုက်တာပါ၊ ပြီးတော့ ကျမဘလော့ရဲ့ “ပတ်သက်တဲ့ ဘလော့တွေ” ဆိုတဲ့ အခန်းမှာပဲ “ပညာရေး မျက်နှာစာ” လို့ Link ထားပေးလိုက်ပါတယ်။ ဒါပေမဲ့ မောင်ဒေါင်း (ကဒေါင်းညင်သာ)တို့ အိမ်ပြောင်းသလို ကြော်ငြာမ၀င်မိတော့ ဘယ်သူမှ မသိဘူးတဲ့။ မောင်ဒေါင်းတောင်မှ မသိတာတဲ့..။ (ဒါကြောင့် ခု ၄လကျော်တာတောင် hits က 1077 ပဲ ရှိတာ… :( )

ပြီးတော့ ဘော်ဘော်အများစုက Google Reader နဲ့ပဲ ဖတ်နေကြတာဆိုတော့ မမြင်ကြ မသိကြတာတဲ့..။ ဒီနေ့တော့ တော်တော်ရင်းနှီးတဲ့ ဘလော့ဂါညီမလေးတယောက်ကပါ ကျမရဲ့ ပညာရေးဘလော့ရှိတာ မသိဘူးဆိုမှ… ကျမ စိတ်တော်တော် ညစ်သွားပြီး သေသေချာချာ ကြော်ငြာဝင်ဖို့ စဉ်းစားရပါတော့တယ်။ ကဲ.. ခုတော့ တကယ် ကြော်ငြာ ၀င်ပါပြီ။ ပညာရေးကဏ္ဍကို စိတ်ဝင်စားသူများ… မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေး အခြေအနေကို စိတ်ဝင်စားသူများ… အကြံပေးလိုသူများ၊ ကျမရဲ့ “ပညာရေးမျက်နှာစာ” ဆီ ကြွရောက်ကြပါလို့ ဖိတ်ကြားလိုက်ပါတယ်ရှင်…။ (တလက်စတည်း ကြော်ငြာ ထပ်ဝင် ရရင်တော့ ဂျစ်တူးလေးကလည်း သူ့ဘလော့လေးမှာလည်း ပြန်ရေးပါဦး အမရယ်တဲ့.. :) .. ဒါ့ကြောင့် အဲဒီ 'မြန်မာ့ပညာရေး' ဘလော့မှာလည်း ကောင်းနိုးရာရာလေးတွေ ပြန်တင်ပါဦးမယ်..)

မေငြိမ်း
“ပညာရေးမျက်နှာစာ”

1 comment:

  1. i read one of ur article.u told the people not to fear and march on the road but u r out of the country.if u tell inside i admire to u.if u march on the road u will die.can u march on the road?Run away from the country and show courage from outside.Everybody can do like this out of the country.I have no impression these anit goverment politics people.
    if u want to do politics,know ur enemy first.If u dont know ur enemy dont fight .Waste time.During september affair,exiles said its over,we can go back home.Stupid people,even u sein win(ncgub) belive this.Do u think whenever people march on the road,goverment will runaway?know ur enemy.if u dont know dont fight .

    ReplyDelete