ချစ်ခင်ရပါသော မြန်မာပြည်သူပြည်သားများ ခင်ဗျား...
လတ်တလောအခြေအနေများနဲ့ပါတ်သက်လို့ အဖိုးတန်မယ့်အကြံလေးတစ်ခုပေးချင်ပါတယ်၊
အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့ ဦးဆောင်မှုကြောင့် တစ်တိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာကြပြီ ဖြစ်တဲ့ ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ ရောက်ရှိနေပါပြီ။
ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊
ဒီတော့ ၈၈ တုန်းကအခြေအနေကို ပြန်ဆန်းစစ်ပြီးတွေးစရာ ပြင်ဆင်စရာတွေရှိလာပါတယ်။
လတ်တလောအခြေအနေများနဲ့ပါတ်သက်လို့ အဖိုးတန်မယ့်အကြံလေးတစ်ခုပေးချင်ပါတယ်၊
အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့ ဦးဆောင်မှုကြောင့် တစ်တိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာကြပြီ ဖြစ်တဲ့ ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ ရောက်ရှိနေပါပြီ။
ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊
ဒီတော့ ၈၈ တုန်းကအခြေအနေကို ပြန်ဆန်းစစ်ပြီးတွေးစရာ ပြင်ဆင်စရာတွေရှိလာပါတယ်။
အဲဒိတုန်းက တပ်မတော်သားတွေတောင် အမြင်မှန်ရသွားပြီး ပြည်သူတွေနဲ့စလက်တွဲခဲ့ကြပါတယ်။
ဒါကိုအင်မတန် တုန်လှုပ်သွားတဲ့ မဆလ အစိုးရဟာ မျက်လှည့်စပြပါတော့တယ်။
စစ်တပ်ကို မဆလ အနေနဲ့ဆက်ထိန်းချုပ်နေရင် တပ်သားတွေအကုန်လုံး ဒေါ်အောင်ဆန်းစုကြည် လက်အောက်ခံတော့မယ် ဆိုတာကိုရိပ်မိတော့ စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်သားများကို နားလှည့်ပါးရိုက်လုပ်ပြီး ပြန်စည်းရုံးခဲ့တာပါဘဲ။
ကျွန်တော်တို့ပန်းတိုင်ကို ရောက်ကာမှ ပွဲအဖျက်ခံခဲ့ရပါတယ်၊
အခုအနေအထားဟာလဲ ၈၈တုန်းကနဲ့တော်တော်လေးဆင်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ အထက်က သွေးခွဲထားတော့ သူတို့ကိုလူတွေမုန်းနေပြီလို့
၁၉ နှစ်လုံးလုံး ယုံကြည် ထားတဲ့ စစ်သားတွေဟာ လူထုနဲ့ပြန်ပေါင်းစည်းဖို့ နောက်တွန့်သိမ်ငယ်နေကြပါပြီ။
မြန်မာ့နိုင်ငံရေး တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ သား သုံး သား ပေါင်းလုပ်မှရမှာပါ။
ဘုရားသား ဖြစ်တဲ့သံဃာတော်များ
ကျောင်းသား များနဲ့
စစ်သား များဘဲဖြစ်ပါတယ်
အခု သား နှစ် သား ကစတင်နေပါပြီ နောက်ဆုံးနဲ့အရေးအကြီးဆုံးဖြစ်တဲ့ သားကတော့စစ်သားပါ။
ဒီသုံးသားပေါင်းမိရင် ဘယ်မင်းမဆို ကျဆုံးပါလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့စစ်သားတွေကို စစည်းရုံးကြရမယ် ။
မဖြစ်နှိုင်ဘူးလို့မထင်ပါနဲ့ စစ်သားတွေကိုယ်တိုင်လည်း ငတ်နေကြပါပြီ။
သူတို့လည်း လူထဲကလူတွေပါ၊ ခံစားတတ်ကြမှာပါ၊ ဒေါ်စုအိမ်ရှေ့ကအဖြစ်ကို ကြည့်နှိုင်ပါတယ် ။
ဒီတော့ ကျွန်တော်တို့က စစ်တပ်ကို လူတွေနဲ့ ပူးပေါင်းလာအောင် ခေါ်ထုတ်ကြရမယ်၊
သူတို့ကိုအထက်ကအကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးလာတဲ့အခါ ဖီဆန်ချင်လာအောင် ဖီဆန်ရဲလာအောင် နှိုးဆွပေးရမယ်၊ သူတို့ တွေဝေပြီး ကျောင်းသားတွေနဲ့ပြည်သူတွေကို စာနာမိအောင် ၀မ်းနည်းဝမ်းသာ ဖြစ်ပြီး နောင်တတရားဝင်လာအောင် ကိုယ်ရပ်နေတဲ့ဘက်ဟာ မှားနေတယ်ဆိုတာဝန်ခံရဲလာအောင် နှိုးဆွပြီး အသိပေးရမယ်။
မိတ်ဆွေတို့ လုပ်သားပြည်သူများနဲ့သံဃာတော်များ ဆန္ဒပြချီတက်တဲ့အခါ
“ ပြည်သူ့စစ်သား ငါတို့စစ်သား “
“ ပြည်သူ့တပ်မတော် ငါတို့တပ်မတော် “
“ ပြည်သူ့ရဲသား ငါတို့ရဲသား “ လို့ အကျယ်ကြီးအော်ပေးကြပါ။
ဒီလိုအသံတွေကြားရင် သူတို့အံ့သြပြီး တဖြေးဖြေး ယူကျုံးမရဖြစ်လာလိမ့်မယ်...
သူတို့ကိုင်ထားတဲ့ သေနပ်တွေက အချက်တိုင်း နှလုံးသားကို မှန်အောင် မပစ်နှိုင်ပါဘူး။
ဒါပေမယ့် မေတ္တာတရားဟာ နှလုံးသားကိုတချက်ထဲနဲ့ ထိအောင်ပစ်နှိုင်ပါတယ်။
ကျွန်တော်ပြောတဲ့အတိုင်း ယုံယုံကြည်ကြည်လုပ်ကြပါ....
အောင်မြင်တာ တွေ့ရပါလိမ့်မယ်။
ဒီစာလေးကိုလည်း လက်လှမ်းမီသမျှ ဝေပေးကြပါ။
ဘလော့ဂါအားလုံးကိုလည်း ပို့စ် လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
အရေးတော်ပုံကြီးကအောင်တော့မှာပါ။
ကျွန်တော်တို့ဘက်ကပါးနပ်ဖို့တော့ အရေးကြီးတယ်ဆိုတာသတိမမေ့ကြပါနဲ့။
လေးစားစွာဖြင့်
မျိုးချစ်
No comments:
Post a Comment