Sunday, September 30, 2007

ဖြန့်ဝေခြင်း(၃၅)

(ဒီနေရာက ပုံပါ)



ဖြန့်ဝေခြင်း(၃၄)

တပ်မတော်၏ အနာဂတ်

ဒီဗီဘီမှာ စစ်ဘက် အရပ်ဘက် သုတေသီ ကိုဝင်းမင်းနှင့် ဆက်သွယ်မေးမြန်းခန်းကို ကျွန်တော် နားထောင် လိုက်ရပါတယ်။ ကိုဝင်းမင်းက ငိုသံပါကြီးနဲ့ တပ်မတော်ကို တောင်းဆိုသွားတာ၊ တပ်မတော်ကို ကိုယ့်အနာဂတ် ကိုယ် ကြည့်ဖို့ တောင်းပန်သွားတာ ကြားလိုက်ရပါတယ်။ ဒီအင်တာဗျူးကို နားထောင်ပြီး အားလုံးလည်း ကြားသင့်တယ် ထင်တာနဲ့ ကျွန်တော် ကြားသလို ရိုက်ပြီး တင်လိုက်ပါတယ်။ အမှန်ပဲဗျာ၊ ဒီအချိန်မှာ တပ်မတော်ထဲက ဗုဒ္ဓဘာသာ မြန်မာ မျိုးချစ်တပ်မတော်သားတွေ ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ အချိန် ရောက်ပါပြီ။ တပ်မှူးများ၊ ထိပ်ပိုင်းအရာကြီးများလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါ တယ်။ It’s time to take side! အခုထက်ထိ တွေဝေနေမယ်ဆိုရင် အနာဂတ်လမ်းဆုံးနေတဲ့ အိုကြီးအိုမ အာဏာရူး လက်တစ်ဆုပ်စာနဲ့ တစ်လမ်းတည်းသွား နေကြရလိမ့်မယ်ဗျာ။ ကိုယ့်လက်အောက်က အရာရှိငယ် များက ပြည်သူ့ဘက်လိုက်ဖို့ ပြင်နေတာကို ကိုယ်က မသိချင်ယောင်ဆောင်ပြီး ထိမ်ချန်ထားရုံနဲ့ မလုံလောက် ဘူးဆိုတာလည်း သမိုင်းသင်ခန်းစာတွေအရ၊ သိသင့်ပါပြီ။ (ဗိုလ်ကြီးအုန်းကျော်မြင့်တို့တုန်းက ဘယ်လိုဖြစ်ခဲ့ သလဲ၊ အာဏာရှင်ဆိုတာ သူတို့အာဏာ ထိပါးလာရင် ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး။) အဲဒီတော့ အခုအချိန် မှာ ဘာသာ သာသနာဘက်က ပြတ်ပြတ်သားသား ရပ်ပြီး သာသနာဖျက် သားသတ်သမားတွေကို အပြီးတိုင် ဆန့်ကျင်ကြပါ။ မဟုတ်ရင်တော့ သမိုင်းတစ်ပတ် ပြန်လည်ပြီး မြန်မာပြည်နဲ့ အထူးသဖြင့် တပ်မတော်ကြီး အနာဂတ် ပျောက်ပါလိမ့်မယ်။

ဘလော့ဂါအပေါင်းတို့ ဒီ မေးမြန်းခန်းကို အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖြန့်နိုင်သမျှ၊ တပ်ထဲကို ဖြန့်ပေးကြဖို့ မေတ္တာရပ်ပါတယ်ဗျာ။ အသံပါ လိုချင်ရင် ဒီဗီဘီရဲ့ ဒီလင့်ခ်ကနေ ယူနိုင်ပါတယ်။

(ဒီမိုကရက်တစ် မြန်မာ့အသံမှ မေးမြန်းသူမှာ ကိုတိုးဇော်လတ်)


တိုး။ ။ မင်္ဂလာပါ ကိုဝင်းမင်း၊ ကျွန်တော် တိုးဇော်လတ်ပါ ခင်ဗျ။

ဝင်း
။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကိုတိုးဇော်လတ်။

တိုး ။ ဟုတ်ကဲ့၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ ဒီ လူထု အုံကြွမှုကို လက်ရှိ၊ ဒီနေ့ ဆိုရင်လည်း ဖြစ်နေတာလည်း ကိုးရက်လောက် ရှိပြီ။ ဒီနေ့ဆိုလို့ရှိရင်လည်း ဒီနေ့ တစ်နာရီက စပြီးတော့ အကြီးအကျယ် တနိုင်ငံလုံးနီးပါး စတင် ချီတက်ဖို့ ရှိနေတယ်၊ အဲဒီအပေါ်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ရှိနိုင်ပါလဲခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ အထူးသဖြင့်တော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေကိုပေါ့နော်အကြမ်းဖက်ပြီးတော့ ရိုက်တာ နှက်တာတွေ၊ လူမဆန်စွာဘဲပေါ့နော် ဟုတ်လား၊ ဗုဒ္ဓဘာသာကျောင်းတွေနော်၊ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးတော့၊ အတင်းလာဝင်၊ ဘယ်သူက ခေါင်းဆောင်မှန်းမသိတော့ စွတ်ဖမ်းတာတွေနော်၊ လမ်းမပေါ်မှာ ရိုက်တာနှက်တာတွေ၊ အဲလိုမျိုး ဘယ်လောက်ပဲ အကြမ်းဖက်ပြီး လုပ်နေလုပ်နေပေါ့နော်၊ အခုဟာက လူထု လှုပ်ရှားမှုက တစုံတရာ ဆက်လက် ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ ဒီနေ့မှာလည်း ဖြစ်နိုင်ဖို့ အလားအလာ ကတော့ ကျွန်တော့်အမြင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ စစ်တပ်က လည်း ခန့်မှန်းထားပုံ ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အထူးသဖြင့် ဒီ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ပေါ့နော်၊ မစ္စတာ ဂန်ဘာရီက ဒီနေ့မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က ဖြစ်နိုင်တာက အခုလို နိုင်ငံတကာက ခေါင်းဆောင်ကြီးတစ်ယောက် လာနေတဲ့အချိန်မှာ၊ ဟုတ်လား၊ ရက်ရက်စက်စက် လုပ်တယ် ဆိုတဲ့ ပုံတွေကို သူက မြင်စေချင်မှာ မဟုတ်ပါဘူး။ အဲဒီအခါကျတော့ စစ်တပ်တွေကို ပေးနိုင်တဲ့ အမိန့်က အတတ်နိုင်ဆုံးပေါ့နော် သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်လာလို့ရှိရင် ဒီ ဆန္ဒပြပွဲတွေကို အရမ်းမပစ်ဖို့ သူတို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။ ပစ်ရင်တောင်မှ အဲဒီ ခေါင်းပေါ်ကို ရှပ်ပစ်ပြီးတော့ ခေါင်းကို အတည့်မပစ်ဖို့နော် ဟိုနေ့ကလိုမျိုး ဟုတ်လား၊ အထူးသဖြင့်တော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ လုပ်သွားသလိုပေါ့နော်၊ စနိုက်ပါ [အဝေးပစ် လက်ဖြောင့်တပ်သား] တွေ သုံးပြီး မပစ်ဖို့ သူတို့ အမိန့်ပေးထားဖို့ တော်တော် များပါတယ်။

တိုး ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ မနေ့ကဆိုရင် စစ်တပ်တွေထဲမှာ အကွဲအပြဲ ဆိုတဲ့ သတင်းတွေ အများကြီး ထွက်လာပါတယ်။ ဥပမာ တပ်မ ၃၃ နဲ့ ၉၉ နဲ့ မန္တလေး ဘက်မှာ ကွဲတယ်၊ အဲလိုပဲ ရန်ကုန် မြောက်ဥက္ကလာမှာ တချို့နေရာတွေမှာ စစ်သားတွေက ပြည်သူနဲ့ ပေါင်းပြီးတော့ တခြားစစ်တပ်ကို ပြန်ပစ်တယ်။ နောက်၊ နောက်ဆုံးသတင်း အနေနဲ့ကတော့ စစ်တပ် ခေါင်းဆောင်ပိုင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါ အကွဲအပြဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေ သတင်းထွက်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ရော နည်းနည်းပါးပါး ရှင်းပြပါဦးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့ ဒီ ကြပ်ပြေးမှာတော့ တော်တော်လေးကိုပဲပေါ့နော်အမိန့်စီးဆင်းမှုတွေကော၊ ဟုတ်လား၊ ခုနက တပ်တွေရဲ့ တုံ့ပြန်မှုတွေကောကတော့ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့ရပါတယ်။ အဲ ကြည့်ရတာတော့ ဒီ တပ်မမှူးတွေ၊ တခါ တိုင်းမှူးတွေ အားလုံးက အထက်က လာတဲ့ အမိန့်ကို ဟို အဲဒီ အမိန့်အတိုင်း တိုက်ရိုက် တသွေမတိမ်း ရက်ရက်စက်စက် လုပ်တာ ရှိသလို မလုပ်တာ ရှိတာကို တွေ့နေရပါတယ်။ အဲ အထူးသဖြင့် ဆိုလို့ရှိရင်တော့ ဒီ ရန်ကုန်မှာ ခုနက ရက်ရက်စက်စက် ဖြစ်သွားပေမဲ့လည်း မန္တလေးမှာက ဒီ ကြာသပတေးနေ့အထိ ပေါ့နော် ရက်ရက်စက်စက် မဖြစ်သေးဘူး။ ဟုတ်လား၊ ကချင်ပြည်နယ်မှာ၊ အထူးသဖြင့် ဒီ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ပေါ့နော်၊ ရက်ရက်စက်စက် ဟုတ်လား၊ ဒီ ဗိုလ်ချုပ်အုန်းမြင့်ကနေပြီးတော့ လုပ်ပေမဲ့လည်း တခြားတိုင်းတွေမှာ အဲလိုမျိုး ဗိုလ်ချုပ်အုန်းမြင့် လုပ်သလိုမျိုး ရက်ရက်စက်စက် ဟုတ်လား၊ ဘုန်းကြီးကျောင်းတွေ ၀င်ပြီးတော့ အဲ နှိမ်နင်းတာတွေ မရှိသေးဘူး လို့ ကြားရတဲ့ အခါကျတော့ တချို့တိုင်းမှူးတွေအနေနဲ့ ကျွန်တော်ထင်တယ်၊ အဲကျွန်တော်ကြားထားတဲ့ သတင်းတွေအရလည်း ဆိုလို့ရှိရင်ပေါ့နော၊် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဒီ တိုင်းမှူး တပ်မမှူးတွေက မပစ်ချင်ကြဘူးလို့ ကြားပါတယ်။ သူတို့ရဲ့ မိတ်ဆွေတွေကိုလည်း သူတို့က ရှင်းပြကြတယ် ပြောပါတယ်။ သူတို့ရဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုလည်းပေါ့လေ ဟုတ်လား သူတို့ကတော့ မပစ်ချင်ဘူး ဒါပေမဲ့ အထက်က အမိန့်ပေးလာပြီးတော့ ဒီ လူထုထဲကို အရမ်းပစ်ခိုင်းမှာကို သူတို့စိုးရိမ်တယ်၊ အဲအဲဒီလိုမျိုး သူတို့ ပြောနေကြတာတွေ ရှိပါတယ်၊ တချို့တိုင်းမှူးတွေ ဆိုလို့ရှိရင် ဘယ်လောက်ထိ ဖွင့်ပြောကြလဲဆိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေ ကိုပေါ့နော် ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေတဆင့် အမိန့်ပေးပေမဲ့ ပေါ့နော်။ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေ ပြီးတော့ သူနဲ့ နီးစပ်တဲ့ ဒီ တပ်မမှူး တွေ တပ်ရင်းမှူးတွေ ဆိုလို့ ရှိရင် သူက လျှော့လျှော့ပေါ့ပေါ့ လုပ်ဖို့၊ အရမ်း အမိန့်ပေးတဲ့အတိုင်း မလုပ်ဖို့ ပြောနေတယ်လို့ ကြားပါတယ်။ ဒါ ဘာကို ဆိုလိုလဲ ဆိုတော့ ဒါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ကို မလွန်ဆန်နိုင်သော်လည်း ပေါ့နော် မပယ်ဖျက်နိုင်သော်လည်းဘဲ အဲဒီအမိန့်ကို သူမကြိုက်ဘူး၊ လူတွေကို အခုလို ဟုတ်လား တရစပ် ရက်ရက်စက်စက် ပစ်နေ၊ ရိုက်နေ၊ ဖမ်းနေတာကို သူမကြိုက်ဘူးဆိုတာကို ပြတာ ဖြစ်တဲ့အတွက် အဲစစ်တပ်ရဲ့ ထိပ်ပိုင်းမှာ သဘောထားကွဲလွဲမှု ရှိနေတာကတော့ တော်တော်လေး သေချာသလောက် ရှိပါတယ်။

တိုး ။ ဟုတ်ကဲ့၊ အဲဒါနဲ့ နောက်ဆက်တွဲပေါ့နော်၊ မနေ့က ဆိုလို့ရှိရင်၊ ရန်ကုန်ရဲ့ အဲစစ်ချုပ်ပေါ့နော်၊ ဗိုလ်မှူးချုပ် လှဌေးဝင်းကို အစောကလိုမျိုး သူ ကိုင်တွယ်တဲ့ ပုံစံကို မကြိုက်လို့ ဖမ်းပြီးတော့ နေပြည်တော်ကို ပို့လိုက်တယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အဲဒီပေါ်မှာရော ဘာတွေကြားသေးလဲ၊ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ကျွန်တော် ဟို အတည်ပြုလို့တော့ မရသေးဘူးပေါ့ဗျာနော်၊ ခုနက ပြောသလို ပဲပေါ့။ ဒီ တိုင်းမှူး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခုနက ဗိုလ်ချုပ်လှဌေးဝင်းလို သဘောထားတွေ ရှိနေတာ နီးစပ်တဲ့၊ ဒီ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရတာ ဖြစ်ပါတယ်။ အဲအဲဒါတွေကလည်း ခုနက ပြောသလိုပေါ့၊ သူတို့ သူငယ်ချင်းတွေ ကိုယ်တိုင် ပြောပြတာ ဖြစ်တဲ့ အတွက် သတင်းက တော်တော်လေး ခိုင်လုံဖို့ များပါတယ်။ အဲဒီထဲမှာက ဗိုလ်ချုပ် လှဌေးဝင်း ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုး သဘောထား ရှိတဲ့အထဲမှာ ပါမယ်လို့ ကျွန်တော်တော့ ယူဆမိ ပါတယ်။

တိုး ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဗမာစကားမှာတော့ သားသုံးသား ညီရင် တိုင်းပြည်ညီတယ်ပေါ့ဗျာ။ အဲဒါတွေကတော့ ဘုရားသားရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်၊

ဝင်း။ ။ ဟုက်ကဲ့။

တိုး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေ အကုန်လုံးမှာ ဒီ သားသုံးသားရော တကယ် ညီသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ဖြစ်လာနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့၊ ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့ အထွတ်အထိပ်ထားတဲ့ ပေါ့နော်၊ ဗုဒ္ဓဘာသာ သာသနာတော် ဟုတ်လား၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အပြတ်ရှင်းဖို့ လုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တယ်.. အဲဒါ လုပ်လို့မရဘူး။ စစ်တပ်ထဲမှာလည်း အားလုံးက ဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက များတယ် လေ။ အဲဒီအခါကတော့ အရင် ဒီ ဖြစ်လာတဲ့ လှုပ်ရှားမှုတွေနဲ့ ဒီတစ်ခေါက်က လုံးလုံး ကွဲပြား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်၊ ဒီ သံဃာတော်တွေကို ရက်ရက် စက်စက် လုပ်တဲ့ အပေါ်မှာ လုံးဝ စိတ်မကောင်း ဖြစ်မိတယ်၊ ခုနက ဒေါသလည်း အကြီးအကျယ် ထွက်တယ်၊ ယူကျုံးမရလည်း ဖြစ်မိတယ်။ ဖြစ်နိုင်လို့ရှိရင် ဟုတ်လား အထဲမှာ ကျွန်တော်ကိုယ်တိုင် ရှိနေချင်တယ်။ အခု ကျွန်တော် အပြင်မှာ နေရတာတောင် ကျွန်တော် စိတ်မကောင်းဘူး၊ ရှင်းရှင်းပြောရလို့ ရှိရင်တော့လေ။ အဲဒီအခါကျတော့ ဟို စစ်တပ်ထဲမှာ ရှိတဲ့ နော်၊ တပ်ဗိုလ် တပ်မှူးအပေါင်းကလည်း ပေါ့နော်၊ ဒီအပေါ်မှာ တော်တော်လေး ခံပြင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော် ဒီ ဖြစ်နေတဲ့အနေအထားပေါ်မှာ၊ ဟုတ်လား၊ တပ်မတော်အနေနဲ့ ပါလာဖို့ အလားအလာက နော်၊ ခုနက စစ်သား၊ သားသုံးသား ဖြစ်တဲ့ စစ်သား၊ ပါလာဖို့က အလားအလာက ကျွန်တော်ထင်တယ် အရမ်းကိုများနေတာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ဒီ ဟိုး လွတ်လပ်ရေးရပြီးကတည်းကပေါ့နော် ကြည့်မယ်ဆိုလို့ရှိရင် ဘယ် ခေါင်းဆောင်ကမှ အခုလောက်ထိ ဟုတ်လား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သလိုမျိုး ပေါ့နော်၊ သံဃာတော်တွေကို ဟုတ်လား၊ ဒီ ဘုန်းတော်ကြီးကျောင်းတွေကို ရက်ရက်စက်စက် အခုလိုမျိုး ပေါ့နော် နှိမ်နင်းဖို့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး။

တိုး ။ ဟုတ်ကဲ့၊ အခု ကိုဝင်းမင်းပြောသလို မြန်မာစစ်တပ်ထဲမှာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊ ထိန်းချင်တဲ့ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ စစ်သားတွေ ဘယ်လောက်များ ရှိနိုင်မလဲ မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ အများစု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တိုင်းမှူး တပ်မမှူးတွေ အဆင့်မှာ ပေါ့နော်၊ ကျွန်တော် ခုနပြောသလို ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဟုတ်လား ဗုဒ္ဓဘာသာကိုနော်၊ ဟုတ်လား ကိုယ့်သာသနာ ဖြစ်တယ်၊ အထွတ်အမြတ်ထားရာ ဖြစ်တယ်၊ ဖျက်ဆီးလိုစိတ် ကျိန်းသေပါတယ်၊ လုံးဝ ရှိမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နဲ့ နိစ္စဓူဝ ပတ်သက်နေရတဲ့ ဘာသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဟုတ်လား မနက်မိုးလင်းက စပြီး ညမိုးချုပ်အထိ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရတဲ့ ဘာသာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ ဘ၀တွေ ကိုယ်တိုင်မှာလည်း၊ ဒီ တပ်မမှူးတွေ တိုင်းမှူးတွေ ကိုယ်တိုင် မှာလည်း ပေါ့နော်၊ တချိန်မဟုတ် တချိန်က ဟုတ်လား၊ ကိုရင် ၀တ်ခဲ့ကြတယ်၊ ဘုန်းကြီး ၀တ်ခဲ့ကြတယ်။ ဒါတွေ ရှိပါတယ်။ တချို့တွေ ဆိုလို့ရှိရင် ဘုန်ကြီးကျောင်းသားဘ၀နဲ့ နေခဲ့ဖူးတဲ့သူ တွေလည်း ရှိမှာပါ။ အဲဒီအခါကျတော့ ဟုတ်လား၊ ဒီ ဗုဒ္ဓဘာသာကို အခုလိုမျိုး ပေါ့နော်၊ ရက်ရက်စက်စက် ဖြိုခွင်းတဲ့သဘောမျိုး ဖြစ်လာတဲ့ အတွက် ကျွန်တော်ထင်တယ် အခြေအနေဟာ အရမ်းလွန်သွားတဲ့ အတွက် လက်မခံနိုင်တဲ့ တပ်မှူးတွေဟာ အများကြီး ရှိလာမယ့် သဘောမှာ ရှိပါတယ်။ အဲ ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီ တပ်မမှူး တိုင်းမှူးတွေ အနေနဲ့ အခုလိုမျိုး အထက်ကပေးတဲ့ အမိန့်အတိုင်း မလုပ်ဘဲနဲ့ လျှော့လျှော့ပေါ့ပေါ့ လုပ်လာမယ်ဆိုရင်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ငြင်းဆန်လာမယ် ဆိုလို့ရှိရင်ပေါ့နော်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် ပေးနိုင်တဲ့ အာဏာက လျော့ကျသွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျလို့ရှိရင်တော့ ခုနက ဟုတ်လား လျှို့ဝှက်ပြီးတော့ လျော့လျော့ ပေါ့ပေါ့ လုပ်နေတဲ့ တိုင်းမှူး၊ တပ်မမှူးတွေက အပြင်ကို ထွက်လာပြီးတော့ အဲဒီ ခုနက ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက်ကို ပေါ့နော်၊ ပါသွားကြဖို့ များပါတယ်။

တိုး ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ ရန်ကုန်မှာ ဘုန်းကြီးကျောင်း တော်တော်များများမှာ တပ်တွေ စွဲထားတယ်၊ အခု ကျွန်တော်တို့ ရန်ကုန်က စုံစမ်းသိရှိလို့ ရသလောက်ကတော့ တချို့ တပ်တွေက ဘုန်းကြီးတွေကို ပြန်ပြီးတော့ ပြုစုနေတယ်၊ တကယ်လို့များ အပြင်ထွက်မယ် ဆိုလို့ ရှိရင် တားမယ့် ပုံစံတောင် မရှိတော့တဲ့၊ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေပါတယ်။ အဲဒီ အလားအလာတွေရော ရှိနေမလား မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ ဒီ အထက်က အမိန့်အရကတော့ပေါ့နော်၊ မထွက်ဖို့တော့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲ ဒါပေမဲ့ ခုနက ဒီ ပေးထားတဲ့ အမိန့်မှာက ရက်ရက်စက်စက် ပစ်လို့ မရတဲ့ အခါကျတော့ သူတို့ ထိန်းလို့ မရလို့ ရှိရင်တော့ ကျွန်တော်ထင်တယ်၊ လွှတ်ပေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်မှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ စစ်တပ်ဘက်နေပြီးတော့ နိုင်ငံတကာ အခြေအနေဘက်ကို ခဏလောက် လှည့်ချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီက မြန်မာပြည်ကို ရောက်ရှိနေပါတယ်၊ အဲတော့ နိုင်ငံတကာ အခြေအနေ ဘာတွေ ဖြစ်သွားနိုင်ပါသလဲ မသိဘူးခင်ဗျ။

ဝင်း ။ ဟုတ်ကဲ့၊ မစ္စတာ ဂန်ဘာရီ ဒီတစ်ခေါက်လာတာ ထူးခြားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ဟို ပုံမှန်အဖွဲ့ဝင်၊ အမြဲတမ်း အဖွဲ့ဝင် ပေါ့နော်၊ ငါးနိုင်ငံလုံးက မစ္စတာဂန်ဘာရီကို အပြည့်အ၀ တစ်ရာရာခိုင်နှုန်း ထောက်ခံချက်ပေးပြီး ဒီခရီးစဉ်ကို လွှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီအခါကျတော့ မစ္စတာဂန်ဘာရီအနေနဲ့က အပစ်အခတ်တွေ ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကကျတော့ ဒီ နိုင်ငံတကာ ကနေ ဦးဆောင်ပြီးတော့ ပေါ့နော် ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် သူကြိုးစားမှာ ဖြစ်ပါ တယ်။ အဲဒီနှစ်ခု ရမှပဲ သူ သဘောတူပြီးတော့ ပြန်ချင်ပြန်မယ်၊ ဒါမှမဟုတ်လို့ ရှိရင်လည်း သူ ဒီတစ်ခေါက်မှာတော့ ကျေနပ်မှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်မှာ နိုင်ငံတကာကလည်း အဲဒီလိုဖြစ်မှ ကျေနပ်မယ့်သဘောမှာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက ဒီ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတို့။ အိန္ဒိယနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို ဒီ ပိုပြီးတော့ပေါ့နော် ထွက်ပြေးတာတွေ ခိုအောင်းတာတွေ ဖြစ်နိုင်ကောင်း ဖြစ်လာနိုင်တယ်။ စီးပွားရေးတွေ ကျပ်တည်းကောင်း ကျပ်တည်းလာနိုင်တယ်။ အဲဒီလို အနေအထားတွေကို သူတို့ မြင်နေပြီ ဖြစ်တဲ့အတွက်၊ ဒီတစ်ခေါက်မှာတော့ ကျွန်တော့် အမြင်က မစ္စတာ ဂန်ဘာရီလည်း အပစ်အခတ်တွေကို ချက်ခြင်းရပ်ဖို့ သူ ကြိုးစားလိမ့်မယ်။ နောက်တစ်ခု က ဒီ ဆွေးနွေးပွဲတွေ ပေါ်လာအောင်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့ တပ်မတော်သားတွေကို ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝင်း ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ဆိုတာကတော့လေ စဖွဲ့ကတည်းက ဟုတ်လား [အသံတုန်လျက်] ပြည်သူကို ကာကွယ်မယ်ဆိုပြီး ဖွဲ့ထားတာပေါ့ဗျာ၊ [ငိုရှိုက်လျက်] ပြီးတဲ့အခါ ကျတော့ အခုလိုမျိုး ပြည်သူကို ပစ်သတ်တာတော့ ကျွန်တော် ထင်တယ်၊ မကောင်းဘူးထင်တယ်။ [ငိုလျက်] မလုပ်လည်း မလုပ်သင့်ဘူး ထင်တယ်ဗျာ၊ သံဃာတော်တွေမှ ပစ်တာတွေ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ [ရှိုက်သံ] အဲဒီအခါကျတော့ တပ်မတော်သားတွေအနေနဲ့ နော်၊ ကိုယ့်ရဲ့ ဒီ ရှေ့ အနာဂတ်ကို ကြည့်ပြီးတော့၊ ဟုတ်လား၊ ဒီ ထိပ်ပိုင်းမှာ ရှိတဲ့ဗျာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ကျွန်တော် ထင်တယ် ဂရုစိုက်မှာ မဟုတ်ဘူး၊ [အသံတုန်လျက်] သူဟာ ဆက်ပြီးတော့လည်း အများကြီး နေရမှာ မဟုတ်တော့ဘူး၊ အဲတော့ သူ့အနာဂတ်ကိုလည်း သူက သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ ကျန်တဲ့ ဒီ ရဲဘော်ရဲဘက်တွေ ဟုတ်လား၊ တပ်သားတွေ တပ်မှူးတွေအနေနဲ့ ရှေ့မှာ ရှေ့ဆက်သွားမယ့် နှစ်တွေက အများကြီး ရှိသေးတယ်။ အဲတော့ ရှစ်လေးလုံးကလိုမျိုး ပေါ့နော် စစ်တပ်ကြီးတစ်ခုလုံး သိက္ခာတွေ ကျပြီးတော့ ဟုတ်လား [ငိုသံယှက်၍ မသဲကွဲ] သံဃာအပေါင်းက စွန့်ပယ်ခံရတယ်ဆိုတာ အရမ်းကို ကြီးလေးတဲ့ အနေအထား ဖြစ်ပါတယ်။ ရှေ့မှာ အဲလို မဖြစ်ရအောင်လို့နော်၊ တကယ့်တိုင်းပြည်ကို အားကိုးတဲ့၊ တိုင်းပြည်က အားထားတဲ့၊ တိုင်းပြည်က ပြည်သူတွေက ချစ်တဲ့၊ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့၊ အပစ်အခတ် တွေကို ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်း ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ [ရှိုက်သံ]

(ဒီနေရာ က ယူလာတာပါ)

ဖြန့်ဝေခြင်း(၃၃)

(ဒီနေရာ က ယူထားတာပါ)

MM: ဒီကနေ့ မြစ်ကြီးနား လူထုထောက်ခံပွဲကြီးတွင် လူထု၏ စစ်ပြိတ္တာများအား ပညာပေးဆုံးမလိုက်သည် မှာ တစ်ပြည်လုံး အတုယူရမည်။ ပေးသောငွေကိုယူပြီး အော်ရင် “ဒို့အရေး၊ ဒို့အရေး”ဟု အော်ပြီး စစ်ပြိတ္တာများ၏ ပွဲကို ရအောင် ဖျက်ကြ။ (From - Cbox)




ဖြန့်ဝေခြင်း(၃၂)

ယနေ့ ဗမာပြည် အခက်အခဲအတွက် သင်တို့ ဘာလုပ်နိုင်မလဲ...

ငါတို့ ဘာမှ မတတ်နိုင်ဘူး ဆိုတာ ထက်.. ဘာ တတ်နိုင်မလဲ ဆိုတာကို ပိုတွေးကြည့်ပါ။ ကျွနုပ်တို့ တွေးကြပါ။ လူတိုင်းလည်း တွေးနေကြပါတယ်။ နည်းဗျူဟာကောင်းတခု လိုအပ်နေပါပြီ။ ဒီအတိုင်း အသက်တွေ ပေးနေတဲ့ နည်းကိုတော့.. အရှိန် တခု လျှော့ ၍ ပိုမိုထိရောက်သော... လူတိုင်း ပါဝင်နိုင်သော လှုပ်ရှားမူများကိုလည်း ဖြည့်စွက် စဉ်းစားဖို့ လိုနေပါပြီ။

ဖြစ်နိုင်ချေ ရှိသော နည်းလမ်းများ မှာ-

  • အစိုးရ ၀န်ထမ်းများ.. သယ်ယူပို့ဆောင်ရေး ၀န်ထမ်းများ၊ ပြင်ပ လုပ်ငန်းများ (လူမူအထောက်အကူ များမှ အပ) အနေဖြင့်၊ ယန္တရားရပ်တန့်ရေး သပိတ်များ လုပ်ရန်။
  • ပြည်တွင်း မှ အမြင်တခုအရ ၀န်ထမ်းများ အလုပ်မဆင်းရန် ကိစ္စမှာ အတော် ခက်ခဲသည် ဟု ဆိုသည်။ မှန်ပေသည်။ ၀န်ထမ်းများ အနေဖြင့် စွန့်စား ရမည့် ကိစ္စ ဖြစ်သည်။ ထို့ပြင် ၀န်ထမ်း အတော်များများ သည် နေပြည်တော် သို့ ရွှေ့ ခိုင်းတာကို ပင် လိုက်နာ ခဲ့ကြရသည့် အချက်ကို ထည့်တွက် ရမည် ။
  • ထို့အတွက်ကြောင့် အရံနည်းလမ်း တခု မှာ၊ ရုံးများ ကျောင်းများသို့ သွား သော်လည်း လုပ်ငန်းခွင်တွင်း ကိုယ် စိတ်ကူးပေါက်သလို ထူးခြားမူများ ဆန့်ကျင်မူများကို လျှောက် လုပ် နိုင်သည်။ ( သို့သော် ရေရှည် သွားရမည့် နည်းလမ်း ဖြစ်နေ သည်။)
  • နောက် တခု လုပ်နိုင်သည်မှာ လုပ်ငန်းခွင်ရောက်သည်နှင့် တဦးတယောက်ချင်းစီ ဖြစ်ဖြစ် နီးစပ်ရာ မိတ်ဆွေများကို အဖော်ညှိ၍ မေတ္တာ ပို့ သုတ်များကို ရွတ်ဖတ် နိုင် သည်။ ကိုယ့် ကိုးကွယ်ရာ ဘာသာအလိုက် မေတ္တာပို့ ဆုတောင်းခြင်းများကို သိသိသာ သာ လုပ်ပြ နိုင်သည်။
  • ပြည်တွင်း မှ အမြင်တခုအရ လက် ရှိ ပြောက်ကျား ပုံစံ ကို ပြုလုပ် နေနိုင်သော်လည်း ရေရှည်တွင် ဖောက်ပြန်သူ တို့၏ တန်ပြန် များ နှင့် ခွဲခြား နိုင်ဖို့ ခက်ခဲလာနိုင်သည်။ အဲဒီအတွက် စနစ်တကျ ဆဲလ် အသေးလေးများ ဖွဲ့စည်းနိုင်ဖို့ လိုအပ်သည်။
  • နေရာ ဒေသများကို လည်း ဗျူဟာ ထား ရွေးချယ်ဖို့ လိုအပ်သည်။ အလွယ်တကူ လူရောင်ဖျောက်နိုင် သော လူနေတိုက်ခန်းများ ပေါများရာ ဖြစ်သင့်သည်။ တတ်နိုင် သမျှ လက်နက်ကိုင် များ နှင့် ထိပ်တိုက် မတွေ့ အောင် ကြိုးစားရမည်။ ထိပ်တိုက် တွေ့သည့် အခါများ တွင်လည်း တဦးချင်း ထွက် စိန်ခေါ် ခြင်း များ ၊ ခံစား မူ အလိုက် ဖြစ်ပေါ်လာ သော ဆဲဆို အော်ဟစ်ခြင်းများ မဖြစ်ရန် လိုအပ်သည်။ တဘက်မှ ပစ်ခတ်လိုစိတ် ပို ဖြစ်ပေါ် လာနိုင်။
  • နေအိမ်များမှလည်း လစ် လျှင် လစ်သလို ဆန္ဒ သဘောထားများရေးထားရာ စာရွက်များကို အိမ်ရှေ့ လမ်းမ၊ လူစည်ရာ နေရာ အမှိုက်ပုံမှ အစ ဦးတည်၍ ပိုစတာတိုက်ပွဲ (Poster Campaign) ပုံစံ လုပ်နိုင်သည်။ ( သင့်တော်သည် မှာ A4 အရွယ် စာရွက် များ ဖြစ်သင့်သည်)
  • ညဘက်များတွင် နေအိမ်များမှ ဘုရားဝတ်တက်ဟန် ကြေးစည်များကို ကျယ်လောင်စွာ တီးခြင်းများ ပြုလုပ်နိုင်သည်။
  • မိမိ တို့၏ ဆွေမျိုး အသိုင်း အ၀ိုင်း မိတ်ဆွေ များ ထဲမှ စစ်ဘက် အမူထမ်း များအား တိုက် ရိုက် တမျိုး၊ သွယ်ဝိုက်၍ တမျိုး၊ လူထုအပေါ် ညှာတာရန် ၊ တရားနည်းလမ်း ကျ ရပ်တည်ရန်၊ ပြောဆို စည်းရုံး သင့်သည်။ ( ဥပမာ- အခု လက်ရှိဖြစ်ပေါ် နေ သော အခြေအနေ အား ဘယ်လို ထင် သလဲ ဆို သော မေး ခွန်းမျိုးမေးခြင်းဖြင့် သူတို့ ၏ လူသားချင်း စာနာသော စိတ်ကို ဖော်ထုတ် ပွားများ ပေးရမည်)
  • ဖောက်ပြန်သော ကြံ့ဖွံ့၊ စွမ်းအားရှင်များအားလည်း မိမိ အ၀န်းအ၀ိုင်းတွင် လက်လှမ်း မီသလောက် မေးမြန်း သတိပေး ရမည်။
  • ပြည်တွင်းတွင် အင်တာနက်များ ခက်ခဲနေသောကြောင့် ပြည်ပရှိ လူတိုင်းကလည်း အထက်ပါ နည်းလမ်းများအား ဖုံးဖြင့်ခေါ်၍ မိသားစုဝင်များအားဖြစ်စေ၊ မိမိတို့ မိတ်ဆွေ စစ်ဘက် အရာထမ်း များအားဖြစ်စေ၊ ပြောပြခြင်းဖြင့် တတပ်တအား ပါဝင် ဆောင်ရွက် ကြပါ။

( ပြည်သူတဦး)

၂၉-၀၉-၀၇

ဖြန့်ဝေခြင်း(၃၁)

Breaking News (from Burma)
-ခု ကျွန်းတောလမ်း ကုမုဒြာစတိုးရှေ့ က ဘုန်းကြီးကျောင်းကို ၀ိုင်းနေပီ။
လူတွေလည်းသွားနေတယ်..( ဒီကနေ့ ၃၀ရက်နေ့.. မနက် ၁၁ နာရီသတင်း)
-မြို့ထဲအထကတွေက.. ကျောင်းအုပ်တွေကိုဆင့်ခေါ်ပီး.. တခန်းကို ကျောင်းသား ၄ယောက် တောင်းတယ်... ဘုန်းကြီးဝတ်ခိုင်းပီး.. ဂမ်ဘာရီကို ပြမလို့တဲ့။ ခုလောလောဆယ်.. ဘုရင့်နောင် လမ်းမ ပေါ်မှာ ကားတွေ အများကြီးရောက်နေတယ်... စစ်သားတွေက မြေပုံတြေ ကြည့်နေကြတယ်...
-ညက.. စမ်းချောင်း မိုးမခ လမ်းထဲမှ စစ်ကားကို ခဲနဲ့ ပေါက်တဲ့အတွက် လူငယ် တယောက်ကို ဖမ်းရန် အသဲအမဲကြိုးစား။ ညတခေါက် မနက်တခေါက် လာရှာ။ မမိ။ သို့သော် ကားဝိုင်းထဲမှ လူတချို့ ဆွဲသွားခံရ။

ဂမ်ဘာရီ မြန်မာလူထုအပေါ် သစ္စာဖေါက်ပြီလော

ကုလသမဂ္ဂအအတွင်းရေးမှူး ဘန်ကီမွန်း အထူးကိုယ်စားလှယ်အဖြစ် ဂမ်ဘာရီကို မြန်မာပြည်ကို စေလွှတ်ခဲ့တယ်။ ဘာတွေဖြစ်နေလဲ ။ စစ်အစိုးရ ပစ်ခတ်မှုတွေကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂက စေလွှတ် လိုက် တာပါ။ သူ ရန်ကုန်ကိုရောက်ရင် မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေမှန်တွေကို တင်ပြ ဖို့ အတွက် အမေရိကန်၊ အီတလီ၊ သြစတေးလျ နဲ့ အင်္ဂလန် သံအမတ်တွေက နစ်ကိုးလ်ဟော်တယ်( Hotel Nikol ) ကနေ စောင့်ဆိုင်းနေကြပါတယ်။

မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုက ခေါင်းဆောင်တချို့လည်း သူ့ကို စောင့်ဆိုင်းနေတယ်။
သူ့ကို ဒီဟောတယ်မှာ သံအမတ်တွေနဲ့ တွေ့ဆုံဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှု က သေသေချာချာ မှာလိုက်တယ်လို့ အမည်မဖေါ်လိုတဲ့ ကုလသမဂ္ဂ သံတမန်တဦးက ဆိုပါတယ်။ ဒါပေမဲ့ သူ့ကို စစ်အစိုးရ ကိုယ်စားလှယ်တွေက မင်္ဂလာဒုံလေဆိပ်က နေ ကြပ်ပြေး မြို့သစ်ကို တန်းခေါ်သွားတယ်လို့ သိရတယ်။

ရန်ကုန်မြို့မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာတွေကို သူမသိရတော့ပါဘူး။ စစ်အစိုးရက သူ့ကို မြစ်ကြီးနားအထိ ခေါ်သွားတယ်။ မြစ်ကြီးနာမှာ အမျိုးသားညီလာခံ ထောက်ခံတဲ့ပွဲကို သူ သွားတက် နေပါတယ်။ ဒါဟာ မြန်မာအရေးကို ဖြေရှင်းဖို့ ကုလသမဂ္ဂ က တာဝန်ပေးမှုကို အဂတိ လိုက်စားတာလား လို့ ပြည်တွင်း နိင်ငံရေးအကဲခတ်တဦးက သုံးသပ်ပါတယ်။ စစ်အစိုးရက သူကို လာဘ်ထိုးလိုက်ပြီလို့ ယူဆတယ်လို့ သူကသုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ ၀န်ထမ်း တွေဟာ အင်မတန် လာဘ်စား အကျင့် ပျက်ကြတဲ့ အစဉ်လာတွေ ရှိလိုပါ။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးဟောင်း ကိုဖီအာနန်ရဲ့ သားဟာလည်း အီရတ်ကိစ္စမှာ လာဘ်စားမှုတွေနဲ့ နာမည်ပျက်ခဲ့ဖူး ပါတယ်။


ဖြန့်ဝေခြင်း(၃၀)




ဖြန့်ဝေခြင်း(၂၉)

(Niknayman ဆီက ပုံ)


ကျမရဲ့ Email ထဲေ၇ာက်လာတဲ့ ကဗျာတပုဒ်ပါ။

Saturday, September 29, 2007

ဖြန့်ဝေခြင်း(၂၈)

အထူးတိုက်တွန်းချက်။ ။
ဘာသာ သာသနာ နဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့ နအဖကို သင်တို့ လက်တွေ့ မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေ အလုပ်သမားသပိတ် စမယ်။ ပြည်သူ့သစ္စာကို စောင့်သိတဲ့ ပြည်သူ့ဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့ စက်ယန္တယား မှန်သမျှကို ရပ်တန့်ဖို့ အလုပ်ရုံ၊ စက်ရုံ၊ ရုံးတွေကို မသွားကြဖို့။ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က ဦးဆောင်ပြီး စခဲ့တယ်၊ အခု ပြည်သူတွေ ပါလာကြတယ်။ ဒီတော့ ပြည်သူ့ ဝန်ထမ်းတွေ အားလုံး - အောက်တိုဘာ အထွေထွေ အလုပ်သမားသပိတ် - စမယ်ဗျို့ ။

ဖြန့်ဝေခြင်း(၂၇)

29 Sep 07, 14:09
Niknayman: အထူးအသိပေးချက် - နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေတွေ့ နေ မြင်နေ ကြားနေကြရသော အလုပ်သမားဝန်ထမ်းအပေါင်းတို့  - လာမည့်  တနင်္လာနေ့ တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်များ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင်လျက်ရှိသော လူထု တိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ်ပါသည်။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ်သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့် လူမျိုးကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့  လည်ပတ်နေတဲ့ စက်ယန္တယား မှန်သမျှ ရန်တန့် ရန် အစွမ်းကုန် ပြည်သူ့ ဝန်ထမ်းအားကို ပြကြပါစို့ ။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက်တွဲကြပါစို့ ။

29 Sep 07, 14:07
minzaw: အားလူးတလုံးတွင် အနည်းဆုံး (၄) လက်မရှိသော သံချောင်း (၈)ချောင်းခန့်ကိုဟိုဘက် ဒီဘက် ကန့်လန့်ဖြတ် ရိုက်ပြီး ကားများလာလျင် ကားဘီရောက်နိုင်မည့် နေရာများအား ပစ်ချပေးကြပါ

ဖြန့်ဝေခြင်း(၂၆)

အရေးကြီးပြီ ခေါင်းအေးဖို့ လိုပါတယ်

ဘိုဘိုကျော်ငြိမ်း
စက်တင်ဘာ ၂၈၊ ၂ဝဝ၇ ခုနှစ်

ဒီကနေ့ အခြေအနေခါ တိုက်ပွဲကို အရှုံးအနိုင် ဆုံးဖြတ်မယ့် အခြေအနေ ရောက်လာပြီ။ စစ်သားကို စစ်သားလိုတွေပြီး ရင်ဆိုင်ရမှာမို့ ဒါဟာ အဆုံးအဖြတ် တိုက်ပွဲလို့ သုံးသပ်ရမယ်။ ဒီတိုက်ပွဲဟာ အရေးကြီးသလို ဗျူဟာမှန်ပြီး သတ္တိမှန်ဖို့ လိုတယ်။

ဒီကနေ့ အခြေအနေကို ဒီလောက် မြန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဝုန်းဒိုင်းကြီး ရောက်လာတော့ ကိုင်တွယ်ရတာ ခက်တယ်။ ခေါင်းဆောင်ပိုင်းမှာ စိတ်ငြိမ်သွေးအေးဖို့ အဓိက လိုအပ်ပါတယ်။

ဒီကနေ့ အဓိကကျတဲ့အချက်ဟာ အရှိန်မပျက်သွားဖို့လိုတယ်။ လူထု 'ကြောက်' မသွားဖို့ လိုပါတယ်။ စစ်တပ်က ကြောက်သွားအောင် ပစ်တာ။ ဒါပေမယ့် ဒင်းတို့မှာလည်း ပြဿနာရှိတယ်။ ပြဿနာက ဘာသာရေးပဲ။ သံဃာကိုပစ်တာ လူကိုပစ်တာနဲ့ မတူဘူး။ ဒါကြောင့် ၈၈ ကလို အရမ်း မပစ်နိုင်ဘူး။ အရမ်းကြီး ပွဲကြမ်းလို့ မရဘူး။ သူတို့လည်း အမှောင်ထဲ လမ်းလျှောက်သလို လျှေက်နေရတယ်။ ကိုယ့်ဖက်ကလဲ တချီထဲ အရမ်းကျသွားရင် လူထု ကြောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်။ တပွဲထဲ အရမ်းကျသွားရင် လူထုက ကြောက်ရင်ကြောက်၊ မကြောက်ဘဲ ပေါက်ကွဲသွားရင် ပွဲပြီးပြီပဲ။ ဒါကို ဘယ်သူမှ မသိဘူး။ မစွန့်ရဲဘူး။ မယူရဲဘူး။ တိုက်ပွဲဆိုတာ ရလာဒ်ကို မျှော်ကိုးနိုင်မှ၊ Calculated Risk လို့ ခေါ်တဲ့ မှန်းလို့ရတဲ့ စွန့်စားမှုပဲ လုပ်ရဲတယ်။ မှန်းမရတာကို မစွန့်စားရဲကြဘူး။

စစ်ပွဲတိုင်းမှာ စစ်ဗိုလ်ဆိုတာ ကိုယ့်တပ် ကိုယ်ခြေမှုန်းမခံရဖို့ သတိရှိရမယ်။ ယနေ့ အခြေအနေမှာ စစ်တပ်က စုရပ်ကို သိနေတယ်။ ရွှေတိဂုံနဲ့ ဆူးလေမှာ ကြိုပြီး တပ်တွေချ၊ လူထုကြောက်အောင် သတ်ပြ လုပ်နေတယ်။ ဒါကြောင့် မြေအနေအထားနဲ့ တိုက်ပွဲအတွက် ကြိုတင်မှုမှာ ဒင်းတို့က အသာရနေတယ်။ ပစ်မဲ့ စစ်သားနဲနဲ သုံးပြီး ဖြိုခွင်းနိုင်တယ်။ ဒါကြောင့် စုရပ်ကို ခွဲပစ်ဖို့ အချိန်တန်ပြီ။ ပြောက်ကျား စစ်ပုံသဏ္ဌာန် နေရာခွဲပြီး လူစုဆန္ဒပြ ရောက်လာရင် ဖျောက်လိုက်နဲ့ လျှပ်တပြက် ဝင်တိုက် ပြည်သူနဲ့ ရောတဲ့ တိုက်စစ် ပြောင်းရမယ်။ အဓိက အရှိန်မပျက်ဖို့နဲ့ ခေါင်းဆောင်မှု မပြိုကွဲဖို့ပဲ၊ ရန်သူကို မီးဝိုင်းသလို ဖြန့်တိုက်ရမယ်။ ခွေးရူးလို ဟိုဖက်ပြေးလိုက်၊ ဒီဖက်ပြေးလိုက် လုပ်ရမယ်။ ဒါမှကိုယ်က ဦးမယ်။ Element of Surprise ရလာမယ်။ ရန်သူ သွေးခြောက်ခြားလာမယ်။

ကိုယ့်တပ်ကိုယ် သုံးတဲ့ နေရာမှာလည်း သံဃာတော်တွေကို မဲရင် ကျောင်းသားက ဦးဆောင်လိုက် အလုပ်သမားက ဦးဆောင်လိုက် အရပ်သားက ဦးဆောင်လိုက်နဲ့ လူထုပါဝင်မှု ပုံသဏ္ဍာန်ကို ရောပစ်ရမယ်။ အဓိကက ဖိနှိပ်ဖို့ တည်ကြက် Target ကို ဖြန့်ပေးရမယ်။ အားလုံးကို တချိန်တည်း လိုက်မရှင်းနိုင်ဖူး။ ဒါအဓိကပဲ။

တချိန်တည်းမှာ ဘာသာရေး လိုက်စား ကြည်ညိုတဲ့ စစ်ဗိုလ် စစ်သားတွေကို တိုင်တည် စည်းရုံးပါ။ သန်းရွှေ သံဃာတွေကို စော်ကားတာ ရှားဘုရင်ကို ခိုမေနီ (Khomeini) ဘာသာရေးနဲ့ တိုက်သလို တိုက်ရမယ်။ ရှားဘုရင်ဟာ ပထမ ရက်ရက်စက်စက် ပစ်ခဲ့ပေမယ့် ဘာသာရေးကို ပစ်မှားရတာမို့ နောက်ဆုံး သေနတ်ပြောင်းတွေ စိုက်ပြီး အမိန့် မနာခံတော့ ထွက်ပြေးရတာပဲ။ ကျနော်တို့လည်း ဒီသင်္ခန်းစာကို ယူပြီး သန်းရွှေကြီး ဘာသာ သာသနာနဲ့ ဘုရားသားတော်တွေကို စော်ကားတာကို ဖော်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ စစ်ဗိုလ်စစ်သားတွေကို တောင်းဆို စည်းရုံးရမယ်။ ပြည်ပမှာ ရောက်နေတဲ့ စာရေးကောင်းတဲ့ သူတွေက လှုံ့ဆော်စာတွေ ဝိုင်းရေးပေးကြပါ။ သံဃာကို စော်ကားတာ၊ မကျေနပ်တဲ့ စစ်ဗိုလ် စစ်သားတွေ ရှိတယ်။ သူတို့လည်း မနိုင်သေးလို့ အံကြိတ်နေကြတာပဲ။ (နိုင်) နိုင်တယ်ဆိုတဲ့ အရိပ်မြင်တာနဲ့ ခြုံထဲက ထွက်လာကြပါလိမ့်မယ်။ သူတို့ သတ္တိဝင်လာအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ပဲ။

ဒီတပွဲမှာ ၈၈ နဲ့ကွာတာက ခေါင်းဆောင်တွေ နံမည်ထွက်မလာပါ။ ကိုယ့်တာဝန်နဲ့ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ပါဝင်လာကြတာမို့ ဗကသလို ဗဟို ဦးစီးစနစ် မရှိဖူး။ ဒါဟာ ကောင်းတဲ့တချက် ဖြစ်ပြန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူ့ကို ဖမ်းရမှန်း မသိလေ၊ ကိုယ်က အမှောင်ထဲကနေ မြင်လေပဲ။ ကိုယ်ပျောက်ရုံမက နယ်မြေခွဲထားကြပါ။ အလုံ က လူက စမ်းချောင်းမှာ လှုပ်ရှားမှု ပြီးရင် ရန်ကင်းလှည့်၊ ပြီးနေရာရွှေ့ကစားပါ။ သူတို့မှာ လူမရှိပါဖူး။ ၁ဝ ယောက်က ၁ဝဝ ကို ဖမ်းနိုင်တယ်။ ပြန့်နေတဲ့ လူ ၁ဝဝဝ ကို လိုက်ဖမ်းဖို့ ဒင်းတို့မှာ အင်အား မရှိဘူး။

ဒီပြောက်ကျားသဏ္ဍာန် လှုပ်ရှားမှု အရှိန် ရလာအောင် လုပ်ရမယ်။ တမြို့ထဲ မဟုတ်ဘဲ မြို့တိုင်း ပြန်ဖို့ လိုတယ်။

နယ်မြို့တွေမှာ ကိုယ်က အားသာတယ်။ လူထုက မြို့ခံကြံ့ဖွတ်နဲ့ ငဖါးတွေကို သိတယ်။ ဒါကြောင့် နယ်မြို့တွေမှာ အင်အား ကြီးလာအောင် ကြိုးစားရမယ်။ ဗျူဟာက စစ်တပ်က လူအင်အား အတိအကျပဲ ရှိတယ်။ Limited Number စစ်ပုလိပ်၊ လုံထိန်း၊ MI အတိအကျပဲ ရှိတယ်။ လိုမှ ဆွဲထုတ်လို့ မရဘူး။ ဒါကြောင့် အရပ် ၈ မျက်နှာကို ဝိုင်းပြီး စနစ် Overdrive ဖြစ်အောင်လုပ်ရမယ်။

ပြီးရင်မြို့သိမ်း တိုက်ပွဲတွေ လာမယ်။ အမျိုးသားစိတ်၊ Nationalism ကို ဖော်ထုတ်ရမယ်။ ဒါက နောက်တဆင့်။ ခေါင်းဆောင်ပိုင်းက ပြန့်နေတော့ အဖွဲ့တိုင်းနဲ့ ပြောခွင့်မရလို့ ဒီက ရေးလိုက်တာပါ။

ဒီတချီပဲ ညီနောင်တို့ရေ...

တင်းခံထားပါ။

ခါးတောင်းကြိုက်၊ မာန်တင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ကြရအောင်။

သံဃာ ကျောင်းသား လူထု အားလုံးကို အလေးပြုပါသည်။ တသက်မှာ ဒီတချီပဲ ရမယ်။ နိုင်အောင် တိုက်ကြရ အောင်။

အားလုံးကို လေးစားဂုဏ်ပြုပါတယ်။

အသက်ပေးသွားသူအားလုံးကို အလေးပြုလျှက်

ဘိုဘိုကျော်ငြိမ်း

Friday, September 28, 2007

မျှဝေ ခံစား မေတ္တာပို့ ဆုတောင်းခြင်း







ဒီနေ့ ဇင်းမယ်မှာ မြန်မာပြည်သူတွေနဲ့ ထပ်တူ ခံစားသူတွေက တတ်နိုင်သလောက် ကူညီ လှုပ်ရှားတဲ့ အနေနဲ့ မီးထွန်းဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။ ဇင်းမယ်မြို့ရဲ့ သမိုင်းဝင် နာမည်ကျော် မင်းသုံးပါးရင်ပြင် မှာ ပြုလုပ်တဲ့ ဒီပွဲကို ဇင်းမယ်မြို့မှာရှိတဲ့ ကြားကြားသမျှက လာရောက် ဆုတောင်ြး ကပါတယ်။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

မေငြိမ်း
၂၈၊၉၊၀၇။

ဖြန့်ဝေခြင်း(၂၅)

စစ်အစိုးရ ပြိုကွဲနေပြီ

စစ်တပ်များက လမ်းများပေါ်တွင်ဆန္ဒပြနေကြသော သံဃာများနှင့် ကျောင်းသား၊ ပြည်သူများကို လက်နက်အားကိုး၍ ရက် ရက်စက်စက် ဖြိုခွဲလာခဲ့သည်။ ဘုန်းတော်ကြီးကျောင်းများကိုလည်း ရန်သူ့စခန်းသဖွယ် ၀င်ရောက်စီးနင်းခဲ့သည်။ သံဃာ တော်များ ရိုက်နှက်ခံရ၊ ရာနှင့်ချီ၍ ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများက နောက်ဆုတ်မည့်ဟန်မရှိ။ ဆက်လက် စုဝေးဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ဆုံး အကြမ်းဖက်သည့်နည်းကို ထုတ်သုံးရသည့်အချိန်မှစ၍ စစ်အစိုးရ ကျဆုံးတော့မည့် အရိပ်အယောင်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏သေခေါင်းလောင်းကို သူထိုးလိုက်ခြင်းသာ ဖြစ်သည်။
ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။


စစ်အစိုးရက လူထုဆန္ဒပြပွဲများကို ချေမှုန်းရန် လက်နက်ကိုင်တပ်များကို ဆက်လက် အမိန့်ပေး ခိုင်းစေ နေနိုင်သေးသော အချိန်တွင် ကျဆုံးသွားပြီဟု မိမိပြောလိုက်ခြင်းကို စောဒက တက်ကောင်း တက်နိုင် ပါသည်။ မိမိတွင် ထောက်ပြရန်အချက် များစွာ ရှိနေပါသည်။

(၁)လူ့ယဉ်ကျေးမှုကြီး ထိပ်တိုက်တွေ့ခြင်း

ဆန္ဒပြပွဲများ စတင်လာခဲ့စဉ်ကပင် သံဃာများက “ဓမ္မ၀ါဒီများနှင့် အဓမ္မ၀ါဒီ” များ၏ တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။ တရားသူများနှင့် မတရားသူများ၏ တိုက်ပွဲ၊ Good Vs Evil တိုက်ပွဲဟုပင် ဆိုရပါလိမ့်မည်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ နိုင်ငံများ၊ အိန္ဒိယ၊ သီရိလင်္ကာစသဖြင့်၊ တရုတ်နှင့် တိဘက်၊ ကိုရီးယား နိုင်ငံများက အနည်းနှင့်အများဆို သလို ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား လွှမ်းမိုးခဲ့သော နိုင်ငံများ ဖြစ်သည်။ သာသနာထွန်းကားခဲ့ရာ နှစ်ပေါင်း (၂၅၀၀) ကျော် ကာလအတွင်း ပြန်ကြည့်ပါ။ ဤကဲ့သို့ ကြီးမားပြင်းထန်လှသော၊ အတိုင်းအဆ ကြီးမားလှသော သံဃာများ၏ သပိတ်မှောက်ကံဆောင်ပွဲ၊ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမျိုး မရှိခဲ့။ ရှိခဲ့လျှင်သော်မှ အတိုင်းအဆအားဖြင့် ယခုလှုပ်ရှားမှုက အရေအတွက်အရရော၊ အတိုင်းအဆအရပါ များစွာ ကြီးကျယ် လှပါသည်။ ဤအခြေအနေတွင် အကြမ်းဖက်ဆောင်ရွက်မှုသည် သာသနာသမိုင်းတွင် အကြီးဆုံး အမဲစက် ဖြစ်စေပါလိမ့်မည်။ ထို့အပြင် အိမ်နီးချင်းရှိ ဗုဒ္ဓဘာသာနိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးကိုလည်း ရှေ့ရှောက်ထိခိုက်စေတော့မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးကဲ့သို့သော အကြောင်းကိစ္စများက လူအများ၏ စိတ်ကို တစုံတရာနှိုးဆွနိုင်ပါသည်။ သို့သော် လည်း လူမျိုးရေးကိစ္စက ၎င်းကိစ္စများထက် ပို၍ လှုံ့ဆော် စည်းရုံး နိုင်စွမ်းရှိပါသည်။ လူမျိုးရေးထိလျှင် ဟုန်းကနဲမီးထ တောက်သည့် အဖြစ်မျိုး ရှိဖူးသည်။ သို့သော် လည်း ဘာသာရေးကိစ္စက ထိုထက်ပို၍ ကျယ်ဝန်းပါသည်။ ဥရောပတလွှား ဘာသာရေးကြောင့် စစ်ခင်း ရသည့် ကိစ္စများအထိ ရှိခဲ့ဖူးသလို၊ အီရန်နိုင်ငံတွင်လည်း ရှားဘုရင်ကို ပြုတ်ကျစေ၍ ခိုမေနီ အာဏာရစေခဲ့သော အဖြစ်များ ရှိခဲ့ဖူးပါသည်။ ဘာသာရေးကိစ္စသည် အထူး ထိလွယ် ခိုက်လွယ် ကိစ္စဖြစ်ပြီး၊ လူမျိုးရေးထက် ပင် ပို၍ ပြင်းထန်တတ်ပါသည်။ ထို့အပြင် ဘာသာရေးကိစ္စသည် နယ်နိမိတ်များကို ဂရုမထားပဲ ပျံ့နှံ့စေနိုင်သည်။ လူမျိုး ရေး မီးလျှံထက်ပို၍ ပြင်းပါသည်။ ယခုတော့ စစ်အစိုးရက ပျားအုံတုတ်နှင့် ထိုးသည်ထက် ဆိုးခဲ့ပြီ၊ ဘာသာရေးထိခိုက် စော်ကားသည့် မီးတောက်ကို မွှေးခဲ့ပြီ ဖြစ်သည်။

ဤသည်ထက်မက အရေးကြီးသောအကြောင်းများ ရှိသေးသည်။ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအပင်းများ ကို စနစ်တကျ ဖြိုခွဲခဲ့သည်မှာ ကြာခဲ့ပြီ။ ဦးနေ၀င်း အာဏာသိမ်းချိန် (၁၉၆၂) ခုနှစ်စ၍ တတိတိဖြိုခွဲလာခဲ့ရာ အတော်ချိနဲ့ သော အနေအထားဖြင့်သာ ရှိနေကျန်နေတော့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာစွာ အဖွဲ့အစည်းဖြင့်၊ အင်နှင့် အားနှင့် ကျန်နေသော အဖွဲ့အစည်း (၂) ခုသာ ရှိတော့သည်။ တခုမှာ စစ်တပ်ဖြစ်ပြီး၊ အခြားတခုမှာ ဗုဒ္ဓဘာသာ သံဃာ တော်များဖြစ်သည်။ ယခုတော့ ဤကဲ့သို့သော “ရိုးရာအစဉ်အလာအရ၊ ဖွဲ့စည်းပုံအရအရ စနစ်တကျရှိသော အဖွဲ့အစည်း ကြီး ၂-ခု ထိပ်တိုက်တွေ့နေကြပြီ”ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် သုံးသပ် ချက်ကို မိမိသဘောတူပါသည်။ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု အခြေချလာစဉ်မှစ၍ အမြစ်တွယ်ခဲ့သော ရိုးရာသံဃာ့၊ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းကြီးကိုပါ စစ်အစိုးရက စိမ်ခေါ်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်က စုစုပေါင်းလူဦးရေ၏ (၈၉. ၂%) ရှိသည်။ လက်ရှိ ပစ်ခတ်နေကြသော စစ်သား၊ ရဲတပ်ဖွဲ့ဝင်အများပင်လျှင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ သံဃာဦးရေမှာလည်း များလှသည်။ သာသနာရေးဝန်ကြီးဌာနရှိ စာရင်းအရပင် (၂၂၆, ၅၀၈) ပါးရှိသည်။ အချို့သောလေ့လာချက်များက ဤထက်ပို၍ ရှိသည်။ တသန်းခွဲ (လူဦးရေ၏ ၃% မျှပင်) ရှိမည်ဟု ဖော်ပြကြသည်။ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီးကျောင်းပေါင်းက (၅၈, ၃၉၉) ရှိပြီး၊ တနိုင်ငံလုံး အနှံ့အပြား တောရောမြို့ပါမကျန်တည်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် သံဃာ့များ၏ ဖွဲ့စည်းပုံကလည်း စနစ်တကျရှိသည်။ မဟာသံဃာ့နာယကအဖွဲ့အစည်းကဲ့သို့ ဦးသျှောင်အဖွဲ့ အစည်းများရှိသလို၊ ဒေသအလိုက် အဖွဲ့များရှိသည်။ ၀ိနည်းအရ အဖွဲ့များရှိသည်။ သံဃာ့ဂိုဏ်းများဖြင့်လည်း စနစ်တကျ ဖွဲ့စည်းထားကြသည်။ နိုင်ငံတခုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသကဲ့သို့ သံဃာများတွင်လည်း စောင့်ထိန်းရမည့် ဆယ်ပါး သီလနှင့် (၂၂၇) သွယ်သော သိက္ခာပုဒ် ရှိနေသည်။ မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းပေါင်း (၁၀) ခုမျှ ရှိပြီး၊ အင်အားအကြီးမားဆုံးက သုဓမ္မာဂိုဏ်း ဖြစ်သည်။ (၈၅%) ခန့်သော သံဃာများကို ချုပ်ကိုင်ထားနိုင်ပြီး၊ သံဃာအင်အား (၃) သိန်းခန့်အထိ ရှိမည်ဟု ဖော်ပြကြသည်။ ရွှေကျင်ဂိုဏ်း (၅%) (သံဃာအင်အား ၂ သောင်းမှ ၃ သောင်းခန့်)၊ ဒွါရဂိုဏ်း (၃%)၊ ငှက်တွင်း ဂိုဏ်း (၂%) စသဖြင့် တည်ရှိနေကြသည်။ သံဃာများ၏ လက်နက်အင်အားမှာ အကြမ်းမဖက် သည့်နည်း၊ မေတ္တာနည်း သာဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို စစ်ဆင်လာခဲ့သည်။ မအောင်မြင်နိုင် သော မပြီးဆုံးနိုင်သော၊ အန္တရာယ်ကြီး လှသော စစ်ပွဲကို စစ်အစိုးရက တိုက်နေခြင်းသာ ဖြစ်သည်။ ကျရှုံးရခြိမ့်မည်ဖြစ်သော စစ်ပွဲကို တိုက်နေခြင်းလည်း ဖြစ် သည်။

ထို့အပြင် စစ်အစိုးရ၏ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု၊ ၀န်ဆောင်မှုများ ကြောင့် လွန်ခဲ့ သောနှစ်များ အတွင်းတွင် သံဃာများက လူမှုရေးကူညီပံ့ပိုးမှု လုပ်ငန်းများကိုလည်း ကူညီ လာခဲ့ကြရသည်။ ယမန်နေ့က ၀င်စီးခံရသော မဂ္ဂင်ကျောင်းတွင် HIV စွဲကပ်ခံရသောဝေဒနာသည်များကို ကူညီထားရသည်။ ထို့အပြင် ဘုန်းတော်ကြီး ကျောင်း ပညာရေးဟူ၍ ကလေးရင်သွေးများ၏ ပညာရေးကို သံဃာများကလည်း ကူညီပံ့ပိုးပေးနေရသေးသည်။ မြန်မာ နိုင်ငံတခုလုံးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေး အနေဖြင့် အထက်တန်းကျောင်း ၂ ခု၊ အလယ်တန်းကျောင်း ၂၅၆ ခု၊ မူလတန်းပညာရေးကျောင်း ၁၀၅၅ ခုကို ပံ့ပိုး ဆောင်ရွက်ပေးနေကြရသေးသည်။ ထိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၀၄, ၄၈၇) ကို ပညာသင်ကြားပေးနေကြသေးရာ သံဃာများ၏ ပံ့ပိုးနိုင်မှု အတိုင်းအဆကို တွက်ဆနိုင်သည်။ အချို့ ကျောင်းများတွင် ကလေးများ ၈၀၀၀ ခန့်အထိ လက်ခံသင်ကြားနေကြရသေးသည်။ ဤကဲ့သို့သော လူမှုရေးသြဇာအရ၊ စည်းရုံးရေး အရှိန်အ၀ါအရ သြဇာကြီးလှသော သံဃာထုကို စစ်ခင်းနေခြင်းကြောင့် စစ်အစိုးရအနေဖြင့် မနိုင်သော စစ်ပွဲကို တိုက်နေခြင်းဟု မိမိပြောခြင်း ဖြစ်ပါသည်။

(၂)စစ်တပ်ဖွဲ့စည်းပုံနှင့် အာဏာစီးဆင်းပုံလမ်းကြောင်း

အချက်ပေါင်းများစွာ ရှိသည့်အနက်၊ နောက်တချက်မှာ စစ်အစိုးရအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု များလာသည်နှင့်အမျှ အမှား လည်း များလာသည်။ ခြစားမှု၊ မထိရောက်မှုက ပိုများလာသည်။ မကြာသေးမီက လောင်စာဆီဈေးနှုန်းများ မြှင့်လိုက်ခြင်း သည်ကပင် ဤသို့ဆုံးဖြတ်အကဲဖြတ်ချက် အမှားများကို ပြနေခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖြစ်နေချိန်၊ နိုင်ငံတကာက စောင့်ကြည့်နေချိန်၊ ထိန်းသိမ်းလုပ်ကိုင်ပါရန် စိုးရိမ်စိတ်များနှင့် ဖော်ပြနေစဉ်မှာပင် ထပ်မံ အကြမ်းဖက်ခဲ့ပြန်သည်။ ပိုဆိုးသည်မှာ နိုင်ငံခြားသားသတင်းထောက်တဦးကိုပင် သတ်ဖြတ်ခဲ့ပြန်သည်။ ပို၍ အမှားများ လာခြင်းကို ပြနေသည်။

စစ်အစိုးရတွင် ပြဿနာများစွာ ရှိနေသည်။ သန်းရွှေလွန်လျှင် ဆက်ခံမည့်သူကို ချမှတ်ထားနိုင်ခြင်း မရှိ။ ဤသို့ ဆက်ခံရေး ပြဿနာကို ဖြေရှင်းနိုင်သည့် စနစ်လည်း မရှိ။ ထို့အပြင် စစ်အစိုးရအတွင်း အာဏာလွန်ပွဲ ပြင်းထန်နေသည်။ မကြေလည် မှုများ ကြီးထွားနေသည်ဟုလည်း သတင်းများ ဖြစ်နေသည်။ ဖြစ်တန်ရာသည်။ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခဲ့ သည်။ လက်သည် မပေါ်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း နှိပ်ကွပ်ခဲ့သည်။ သူ၏ ထောက်လှမ်းရေးတဖွဲ့လုံး ကိုလည်း ဖြိုထားခဲ့သည်။ စစ်အစိုးရ အစည်းအဝေးများက ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့သည်မှာလည်း အများအပြား။ ယခင် သူတို့၏ ဖခင်ကြီးဦးနေ၀င်းနှင့် မိသားစု၊ အုပ်စုများကိုပါ အလွတ်မပေးခဲ့။ နှိပ်ကွပ်ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင်တော့ ပြဿနာအားလုံး ဆုံ၍တက်လာတော့မည့် အချိန်ဟု ဆိုရပါလိမ့်မည်။

ထို့အပြင် စစ်တပ်အင်အား အဆမတန်ချဲ့ထွင်ခဲ့မှုကြောင့် မလုံလောက်မှုများ ပေါ်ပေါက်နေသည်။ တပ်တွင်း ဖိနှိပ်မှုများ ကြောင့်လည်း စစ်သားများ ထွက်ပြေးနေကြပါသည်။ အစီရင်ခံစာတခုအရ လွန်ခဲ့သော (၆) လ ကာလအတွင်းတွင် ထွက်ပြေးသူ စစ်သားပေါင်း (၉၀၀၀) ကျော် ရှိသည်ဟု ဆိုပါသည်။ ဤသည်မှာ နအဖစစ်တပ်၏ တပ်မတခုစာနှင့်ပင် ညီမျှ နေပါသည်။ ဤပုံစံမျိုးဖြင့် ဆက်လက် ထိန်းချုပ်ရန် မလွယ်တော့ပါ။

ထို့အပြင် နိုင်ငံတကာ ဖိအားများက ဆက်လက် တိုးတက်လာနေသည်။ စစ်အစိုးရ လမ်းရွေးရန်အချိန် ဖြစ်နေပါပြီ။ စစ် အစိုးရ၏ တရားဝင်မှုကလည်း မရှိသလောက် ကုန်ဆုံးခဲ့ပေပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေပါသည် ဟု လိမ်လည်နေသော မုသားများလည်း မထိရောက်တော့ပါ။ အခွင့်ကောင်းများစွာ ရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင် များက လျစ်လျူရှု ပစ်ပယ်ထားခဲ့ပါသည်။ သိပ်နောက်ကျသွားပါပြီ။ နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်ကြောင်း အချက် အားလုံးက ခေါင်းလောင်းထိုး နေခဲ့ပြီ ဖြစ်ပါတော့သည်။

အောင်သူငြိမ်း

Thursday, September 27, 2007

ဖြန့်ဝေခြင်း(၂၄)


မိစ္ဆာအစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
ဖက်ဆစ်အစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
သာသနာဖျက်အစိုးရ ဖြုတ်ချရေး ဒို့အရေး … ဒို့အရေး
ကျောင်းသား၊ပြည်သူညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့
သံဃာ၊ လူထုညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့
သံဃာ၊ ကျောင်းသား ညီရဲ့လားဟေ့ ညီတယ်ဟေ့ … ညီတယ်ဟေ့

အရေးတော်ပုံ … အောင်ရမည်
အရေးတော်ပုံ … အောင်ရမည်

အရေးတော်ပုံ … အောင်ရမည်

(ဆုံစည်းရာ-မှ)

(ဒီနေ့ ကျမ စာမရေးနိုင်ပါ..။ တနေကုန် မျက်ရည်ကျနေရတဲ့ နေ့။ ယဉ်ကျေးတဲ့ ဒီနေ့ခေတ် ကမ္ဘာမှာ ရှားရှားပါးပါး ရိုင်းစိုင်းနေတာက ကိုယ့်နိုင်ငံက အုပ်ချုပ်တဲ့သူတွေ ဖြစ်နေတာကို ယူကျုံးမရ ရှက်ရ.. ခံစားရတာနဲ့အတူ... အဲဒီ သွေးဆာနေတဲ့ စစ်ဘီလူးတွေ ရူးမူးသမျှ ဒဏ်ခံနေရတဲ့ ရဟန်းတော်မြတ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ အတွက် မျက်ရည် မဆည်နိုင် ဖြစ်ရတဲ့နေ့။ ၂၆ရက်နေ့ ဥပုသ်နေ့က စပြီး သွေးစွန်းခဲ့တဲ့ နေ့စွဲတွေအတွက် ........ ကမ္ဘာ မကြေ..။)


လှေခွက်ချည်းကျန် အလံမလှဲ..

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
ဆွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓါးသွားလည်း ကြွေ
လှံလည်း ခွေအံ့။

သတိထားစရာပါ..

26 Sep 07, 23:32
NoFear: ဗမာသူ ပြောတာ အများကြီး ဖြစ်နိုင်ပါတယ်
26 Sep 07, 23:32
NoFear: မွတ်ဆလင် နဲ့ ဗုဒ်ဒ ဘာသာ ကြားမှာ သွေးခွဲမှာဘဲ
26 Sep 07, 23:31
NoFear: ဘာသာရေး အ
26 Sep 07, 23:30
NoFear: နအဖ က သူတို့ တည်မြဲဖို့ဆို ဘာမဆို လုပ်မှာဘဲ
26 Sep 07, 23:22
ဗမာသူ: ဘုန်းကြီးတွေ ခေါင်းဆောင်တဲံ ဒီမိုကရေစီလှုပ်ရှားမှုပါ
26 Sep 07, 23:22
ဗမာသူ: အခုဖြစ်နေတာ ဘာသာရေးနဲ့ မဆိုင်တော့ပါ
26 Sep 07, 23:22
ဗမာသူ: မြန်မာပြည်သားတွေပါ
26 Sep 07, 23:22
ဗမာသူ: အားလုံး အတူတူပါ
26 Sep 07, 23:22
ဗမာသူ: မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ
26 Sep 07, 23:21
ဗမာသူ: ကျွန်မတို့တတွေ၊ ပြည်သူတွေ ညီညွတ်ရမယ့် အချိန်ရောက်နေပါပြီ
26 Sep 07, 23:21
ဗမာသူ: ပြောပြထားကြပါ
26 Sep 07, 23:21
ဗမာသူ: မူဆလင် ဘာသာဝင် သူငယ်ချင်းများ ရှိရင်
26 Sep 07, 23:21
ဗမာသူ: တကယ်လို့များ ဘုန်းကြီးတွေက ဗလီတွေ ၀င်ဖျက်ဆီးတယ်လို့ သတင်းကြားမိရင် ဘုန်းကြီးတုတွေ ဆိုတာ အားလုံးသိထားဖို့လိုပါတယ်
26 Sep 07, 23:20
ဗမာသူ: This is intended to provoke fights between Buddhists and Muslims
26 Sep 07, 23:20
ဗမာသူ: Then command to destroy the Islamic Mosques.
26 Sep 07, 23:19
ဗမာသူ: They give 10,000 kyats & a set of Thin Gan to စွမ်းအားရှင်ကောင်တွေ and make them pretend as Monks
26 Sep 07, 23:18
ဗမာသူ: Now, the government is trying to make a diversion
26 Sep 07, 23:18
ဗမာသူ: သတင်း တခုရပါတယ်

ကျမရဲ့ Cbox ကလာတဲ့ သတင်းပါ။ ဘာပဲဖြစ်ဖြစ် သတိထားရမှာဖြစ်ပါတယ်။ လူထုအနေနဲ့ ဘယ်လို ဖျက်ဆီး အကြမ်းဖျက်မှုမျိုးကိုမှ လုံးလုံး ၀င်မလုပ်မိဖို့ အထူး ထိန်းကြရမှာဖြစ်ပါတယ်။ ကျမတို့တိုင်းပြည်မှာက အာဏာရှင် စစ်အုပ်စုကလွဲရင် လူမျိုးမရွေး ဘာသာမရွေး အားလုံးဟာ အမျိုးမျိုး အနှိပ်စက်ခံနေရတာပါ။ ဒါကို လူထုက သေချာ နားလည်ထားဖို့ လိုနေပါပြီ။ စစ်အစိုးရရဲ့ နည်းပရိယာယ်တွေနောက် ၈၈တုန်းကလို မလိုက်မိစေဖို့ အားလုံး လက်ဆင့်ကမ်း ထိန်းသိမ်းပေးကြပါ..။

မေငြိမ်း
၂၇ စက်တင်ဘာ၊၀၇။

Wednesday, September 26, 2007

သစ္စာစူးဖို့ ပြင်

ဘုရားရှင် ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော် များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ...
“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဤကံကို ဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များ အစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင် မျက်ကွယ်ပြုသူများ အာဏာရှင်မာရ်နတ် အားလုံးကို ဗုဒ္ဓရဲ့ ဒဏ်၊ သာသနာတော်ရဲ့ ဒဏ်၊ သံဃာ့ကံရဲ့ ဒဏ်၊ ဓမ္မစက်ရဲ့ ဒဏ်၊ ပြည်သူများရဲ့ ဒဏ်၊ မေတ္တာတရားရဲ့ ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင် ခံစား ကြစေသောဝ်”
ဖြစ်သည်။

ဘုရားကားအောက် မျောက်ကားအထက်

အ၀ိစိဆိုတာ သိကြရဲ့လား.. သူတို့ အစား ကြက်သီးများ ထပါဘိ။ လူတွေမှရော ဟုတ်ကြရဲ့လား..။
ကျမဖြင့် ခုနေ ဦးသန်းရွှေက ထိုင်ကန်တော့မယ်ဆိုရင်တောင် သူက ကိုယ့်ထက်ယုတ်ညံ့ပေမဲ့ အသက်ကြီးသူတော့ ဖြစ်တာမို့ အကန်တော့ မခံရဲပါ။ အခုတော့ ဘုန်းဘုန်းများရှေ့မှာ မတွန့်မတုံ့ အကန်တော့ ခံနေသူများရဲ့ အနာဂတ်ကို ကျမ ရှေ့လျှောက် စောင့်ကြည့် ချင်လိုက်တာ။

မေငြိမ်း
၂၆၊၉၊၀၇။


ဖြန့်ဝေခြင်း(၂၃)

ကိုယ်ချင်းစာလို့ တွေးစမ်းပါ

အို... လက်နက်ကိုင်တို့ ..
သင်တို့သွေးသား သူတပါးက
သတ်လားဖြတ်လား ရက်စက်ငြားက
ဒေါသမထွက် အေးစက်စက်ဖြင့်
ဆက်လက် ပစ်ခတ်ဝံ့မည်လား။

အို ... ရပ်ကြည့်သူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ရပ်ကြည့်နေမည်လား။

အို .. ကပ်မြောင်ဖားတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရိုက်လားနှက်လား

ဖမ်းလားဆီးလား ပိတ်ဆို့ငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

ဆက်လက် ဖားနေဦးမည်လား။

အို .. ထိုင်နေသူတို့ ..
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ရက်စက်ငြားက

ဒေါသမထွက် မစွက်ဖက်ဘဲ

ဆက်လက် ထိုင်နေနိုင်မည်လား။

အို ... စစ်ဝါဒီတို့ ...
သင်တို့သွေးသား သူတပါးက

သတ်လားဖြတ်လား ဖမ်းဆီးငြားက

ဒေါသမထွက် အေးစက်စက်ဖြင့်

အသက်ရှင်နိုင်ဦးမည်လား။

ထိန်လင်း
စက်တင်ဘာ ၂၆၊ ၂၀၀၇

ဖြန့်ဝေခြင်း(၂၂)

Monday, September 24, 2007

ဒါဏ်ရာရ ရဟန်းရှင်လူပြည်သူများအတွက် ရှေးဦးသူနာပြုစုနည်း

အပြင်းအထန် သွေးထွက်ဒါဏ်ယိုဖြစ်လာသောအခါ

ပထမဦးစွာ ဒါဏ်ရာကိုမကိုင်တွယ်မီ လက်ကိုစင်ကြယ်စွာဆေးကြောပါ ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပါ။ ရောဂါပိုးတတ်နိုင်သလောက်မ၀င်အောင် ဖြစ်ပါတယ်

အကယ်လို့ ဒါဏ်ရာဟာ ၀မ်းဗိုက် ရင်ခေါင်း ပိုင်းတွင်ဖြစ်ပါက သတိရှိရန် ကလီစာများထွက်သည်ထိဒါဏ်ရာပြင်းထန်လျှင် ကလီစာများကို ပြန်ထည့်သွင်းရန်မကြိုးစားပါနှင့် အ၀တ်သန့်သန့်ဖြင့် အုပ်ထားကာထားပေးပါ။

လူနာကို ပက်လက်အနေအထားထားပါ လူနာဧ။် ခေါင်းကို ကိုယ်ပိုင်း ခြေထောက်ပိုင်းထက် အနည်းငယ်နိမ့်ထားပါ ဦးဏှောက်သို့သွေးရောက်မှသာ မေ့မြောသတိလစ်ခြင်းမဖြစ်မှာဖြစ်ပါသည်

ဒါဏ်ရာကို ဆေးကြောပါ အသားစများ ဖုန်များ ရွှံ့များကို ဖယ်ရှားပစ်ပါ သို့သော် အသားတွင်းနက်ရှိင်းစွာ စိုက်ဝင်နေသော အရာများကို ရုတ်တရက် ဖယ်မပစ်ရပါ

သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို ဖိအားဖြင့် ဖိပေးပါ ပတ်တီး အ၀တ်သန့်သန့်ဖြင့် စည်းပေးပါ မရှိလျှင် လက်ဖြင့်ဖိထားပေးပါ

သွေးတိတ်သွားတဲ့ထိ ဖိထားပေးပါ အနည်းဆုံးမိနစ် ၂၀ လောက် အနာသွေးတိတ် မတိတ် မကြည့်ပဲ ဖိထားပေးပါ ပတ်တီးကျပ်ကျပ်စည်းခြင်း ဖြင့် ဖိအားကိုထိန်းထားပေးနိုင်ပါသည်

ပတ်တီး အ၀တ်များ သွေးရွှဲနေလျှင် ဖယ်မပစ်ရ ထိုအပေါ်တွင် သွေးစုပ်နိုင်သည့်အ၀တ် သို့မဟုတ် ပတ်တီးထပ်တင်ပေးနိုင်သည်

အထက်ပါအတိုင်းပြုစုပြီး သွေးမတိတ်သေးပါက ။ဒါဏ်ရာရှိရာနေရာကိုသွေးထောက်ပံ့ပေးသော သွေးကြောမကြီးများကို ဖိပေးရန်လိုအပ်ပါသည်

သွေးတိတ်သွားလျှင် ဒါဏ်ရာရ အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ထိန်းထားပြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့သပါ

အတွင်းသွေးထွက်ဒါဏ်ရာဟုသံသယရှိလာပါက အရေးပေါ်သို့အမြန်ဆုံးပို့ရန်လိုပါသည်

X နား၊နှာခေါင်း စအို စသည်တို့မှ သွေးယိုခြင်း

X သွေးအန် ချောင်းဆိုး သွေးထွက်ခြင်း

X လည်ပင်း ရင်ဘတ် ၀မ်းဗိုက် တို့တွင် သွေးခြေဥခြင်း

X ဦးခေါင်း ရင်ဘတ် ၀မ်းဗိုက် တွင် ထိုးသွင်းဒါဏ်ရာရခြင်း။

X အရိုးကျိုးခြင်း ၊ကြေခြင်း

X ရှော့ခ်ဝင်ခြင်း ( လက်ဖျားခြေဖျား အေးခြင်း ရေငတ်ခြင်း အားပျော့သွားခြင်း စိတ်ပူပန်လာခြင်း တို့သည် ရှော့ခ် ဧ။် လက်ခဏာများဖြစ်သည် )

အထက်ပါလက်ခဏာများ ဖြစ်ပေါ်ခဲ့လျှင် အတွင်းသွေးထွက်ဒါဏ်ရာ ရနိုင်သည်ဟု သံသယရှိပါ။

http://mr-jade.blogspot.com/