နာမည်ရင်း ခင်မောင်မြင့်(ပြွန်တန်ဆာ)နာမည်နဲ့
ရေးဆွဲခဲ့တဲ့ မူရင်း illustration ပါ။
အင်းဝဆောင် သဟာယအသင်းက ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ရဲ့
မျက်နှာဖုံးပုံပါ။ ကျမအဖေ အခက်အခဲအမျိုးမျိုးကြားထဲက သိမ်းခဲ့ရတာမို့
စာအုပ်ကလေးကအနားလေးတွေ စုတ်နေပါပြီ။
ကျောင်းသားကြီးတွေရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို မျိုးဆက်သစ်တွေ
အမှတ်တရဖြစ်ရအောင် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။
မြကျွန်းသာဝယ်
မြကျွန်းသာတွင်
နေရာအနှံ့၊ ယမ်းငွေ့နံ့ရှင့်
ပျံ့ပျံ့သင်း၍ နေဘိခြင်း။
မြကျွန်းသာတွင်
ရွှေဝါဆန်းတင့်၊ ကံ့ကော်ပွင့်တို့
အရင့်အရဲ ပွင့်ဘိခြင်း။
မြကျွန်းသာတွင်
သံခွာဖိနပ်၊ မြက်ခင်းစပ်ဝယ်
ထပ်ထပ်ခါခါ နင်းဘိခြင်း။
မြကျွန်းသာဝယ်
ကျလာမျက်ရည်၊ မကြည်စိတ်ဝမ်း
ရောပွန်းဒေါသ ထဘိခြင်း။
မြကျွန်းသာဝယ်
ညင်သာစီးသွား၊ အင်းလျားသည်ပင်
ရေပြင်လှိုင်းစ ထဘိခြင်း။
မြကျွန်းသာဝယ်
ညီညာစုံဝေး၊ သွေးနှင့်အသိ
သတိပညာ၊ အာဏာတော်လှန်
ခွပ်ဒေါင်းပျံလျက်
နက်ဖြန် အောင်ပွဲခံကြစို့။
မိုးသလ္လာ
Hi Sis..
ReplyDeleteI have seen from my dad liberay..
thanks for refreshing memory
MKT